Headlines

နေပြည်တော်မှာ အရှိုချင်းမိသားစုဝင် ၄ ဦး နေအိမ်အတွင်း လက်နက်ကိုင်တစ်စုရဲ့ ပစ်သတ်ခံရ

အောက်တိုဘာလ ၉ ရက်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာမှာ နေထိုင်တဲ့ အရှိုချင်းတိုင်းရင်းသား မိသားစုဝင် ၄ ဦး ဟာ အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းက နေအိမ်အတွင်း မိသားစုအလိုက် သေနတ်နဲ့ ပစ်သတ်တာခံခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက လက်နက်ကိုင်ဆောင်ထားသူ လူ ၆ ဦးက နေအိမ်ထဲထိဝင်ရောက်ပြီး မိသားစုလိုက်ကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ နီးစပ်သူတွေဆီကနေသိရပါတယ်။

အရှိုချင်းအမျိုးသားတစ်ဦးက “ လိုင်းပေါ် သတင်းထွက်လာမှ ကျ​ေိနာ်လည်း သိရတာပါ နေအိမ်ထဲထိ ဝင်ပြီး သေနတ်နဲ့ မိသားစုဝင် ၄ ယောက်လုံးကို အနီးကပ် ပစ်သတ်သွားတယ်လို့ သိရတယ် သူတို့ မိသားစုက တောင်ယာလုပ်ကိုင်ကြတဲ့ မိသားစုတွေလည်း ဖြစ်တယ် ဘာကြောင့် အခုလိုသတ်ဖြတ်ခံရတာလည်းဆိုတာတော့ မသိရသေးဘူးလို့ သိရတယ် ပျူတွေလုပ်တာဖြစ်ဖို့များပါတယ် ” လို့ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရလို့ အသက် ၄၂ နှစ်အရွယ် ဦးဝင်းနဲ့ ဇနီး ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်ဖြူသွယ်ဦး၊ သူတို့ရဲ့မောင်ဖြစ်သူ အသက် ၂၀ နှစ်အရွယ် မောင်စိုးလင်းထက် နဲ့ တူဖြစ်သူ ၁၇ နှစ်အရွယ် မောင်ဆန်းသူအောင်တို့ကို သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ သေနတ်ပစ်သတ်ခံရလို့ သေဆုံးသွားသူတွေကို သက်ဆိုင်ရာက သဂြိုလ်ပြီးပြီဖြစ်သလို တရားခံတွေကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ကျောက်အိုးကျေးရွာဟာ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး လက်ရှိအသတ်ခံရတဲ့ မိသားစုဟာ တောင်ယာလုပ်ကိုင်သူတွေဖြစ်ကြတယ်လို့လည်း သိရပြီး ဘာကြောင့် အခုလို သတ်ဖြတ်ခံရလဲဆိုတာတော့ မသိရသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *