Headlines

ချန်ပီယံဟောင်း Alxandre Pantoja နဲ့ပွဲမှာ ပရိသတ်များအား ပေးဖို့ UFC ဖလိုင်းဝိတ်ချန်ပီယံ ချင်းလူငယ် Joshua Van ပြော

စက်တင်ဘာလ ၁၆ ရက်။

UFC ဖလိုင်းဝိတ်ချန်ပီယံဟောင်း Alxandre Pantoja နဲ့ပွဲမှာ “လာမယ့် စနေနေ့မှာ ကျနော် ထပ်မံပွဲထိုးရတော့မှာဖြစ်တယ် ညီအစ်ကိုမောင်နှမအားလုံးက ဆုတောင်းပေးခြင်းတွေနဲ့ ဆက်လက်အားပေးကူညီပေးကြပါဦး “ဆိုပြီး UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ် Joshua Van က ၎င်းရဲ့ ဖေ့ဘုတ်ကနေ ဖော်ပြထားပါတယ်။

UFC ဖလိုင်းဝိတ်ချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ Los Angeles မြို့ရှိ Crypto.com Arena မှာ UFC 331 ရဲ့ အဓိကပွဲအဖြစ် အရင်ချန်ပီယံဖလိုင်းဝိတ်ချန်ပီယံ ဟောင်း Alxandre Pantoja နဲ့ ချန်ပီယံ ခါးပတ်ကာကွယ်ပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ Alxandre Pantoja တို့ဟာ ယခင်က UFC 323 မှာ ချန်ပီယံခါးပတ်အတွက် ထိတ်တိုက်တွေ့ဆုံခဲ့ကြဖူးပြီး အဲဒီပွဲမှာ ပွဲစပြီး ၂၆ စက္ကန့်အတွင်း Joshua Van က Techcical Knockout ( KTO) ဖြင့် အနိုင်ယူခဲ့ပြီး UFC လောကမှ ဒုတိယအသက်ငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့ ပထမဆုံး အမျိုးသားချန်ပီယံအဖြစ် သမိုင်းစာမျက်နှာသစ် ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာ Alxandre Pantoja အနေဖြင့် အရင်ပွဲက အဆုံးမသတ်နိုင်ခဲ့တဲ့ ပြိုင်ပွဲကို ပြန်လည်ရင်ဆိုင်ခွင့် ရရှိလာမှာဖြစ်ပြီး ချင်းလူငယ်ဖိုက်တာ Joshua Van အတွက်လည်း ချန်ပီယံအဖြစ် ခါးပတ်ကို ကာကွယ်ရမယ့် ပွဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *