
ဩဂုတ်လ ၁၀ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းမှာ သြဂုတ်လ ၉ ရက်နေ့က ကျောင်းပညာရေးနဲ့ ကင်းကွာနေတဲ့ ကလေးငယ်တွေ နဲ့ အရင်က ကျင်းပတဲ့ အရည်ချင်းစစ် စာမေးပွဲ (Placement Test) ဖြေဆိုခွင့် မရသူတွေအတွက် Placement Test နောက်တစ်ကြိမ် ပြုလုပ်ခဲ့ကာ ဖြေဆိုတဲ့ ကျောင်းသူ/ ကျောင်းသား စုစုပေါင်း ၂၀၅ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
မူလတန်းအဆင့် အဆင့် (၂) ဖြေဆိုသူ (၂၁) ဦး၊ အလယ်တန်းအဆင့် အဆင့် (၁) ဖြေဆိုသူ (၇)ဦး၊ အလယ်တန်းအဆင့် အဆင့် (၂) ဖြေဆိုသူ (၁၀) ဦး၊ အလယ်တန်းအဆင့် အဆင့် (၃) ဖြေဆိုသူ (၁၆၇) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ Placement Test စာမေးပွဲကို မူလတန်းအဆင့် ကျောင်းမနေဖူးတဲ့ကလေးတွေအတွက် အဆင့် (၁) စာမေးပွဲ၊ G – 3 အောင်မြင်ပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင့် (၂) စာမေးပွဲ ၊ G -–5 အာင်မြင်ပြီး ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင့် (၁) စာမေးပွဲ၊ G – 6 အောင်မြင်ပြီး ကျောင်းသူ/ သား တွေအတွက် အဆင့် (၂) စာမေးပွဲ နဲ့ G -–7 ၊ G -–8 အောင်မြင်သူတွေအတွက် နဲ့ G – 9 တက်ရောက်တဲ့ ကျောင်းသူ / သား တွေအတွက် အဆင့် (၃) စာမေးပွဲအဖြစ် ကျင်းပခဲ့တာလို့ သိရပါတယ်။
ကျောင်းပညာရေးနဲ့ ကင်းကွာတာကြာပြီဖြစ်တဲ့ ကလေးများအတွက် ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ အရည်ချင်းစစ် စာမေးပွဲ ( Plavement Test ) ကို ချင်းပြည်နယ်ရှိ သက်ဆိုင်ရာ မြို့နယ် စာစစ်ဌာန အသီးသီးကနေ ဖြေဆိုဖို့ နာမည်စာရင်းပေးသွင်းခဲ့တဲ့ ကျောင်းသား ၊ ကျောင်းသူ ဦးရေ ၈ ထောင်ကျော်ရှိခဲ့ပြီး ၇၁၈၉ ဦးခန့်မှ ဖြေဆိုခဲ့ကာ ပျက်ကွက်ခဲ့သူ ၁ ထောင်ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

