Headlines

ဖလမ်းမြို့မှာ ကျောင်းပညာရေးနဲ့ ကင်းကွာနေတာ ကြာပြီဖြစ်တဲ့ ကလေးတွေအတွက် ပြုလုပ်တဲ့ အရည်ချင်းစစ် စာမေးပွဲ ( Placement Test )နောက်ထပ်တစ်ကြိမ်ပြန်လည်ကျင်းပမယ်

ဩဂုတ်လ ၃ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကြောင်းမှာ လာမယ့် သြဂုတ် ၉ ရက်နေ့ကစပြီး ကျောင်းပညာရေးနဲ့ ကင်းကွာနေတဲ့ ကလေးငယ်တွေ နဲ့ အရင်က ကျင်းပတဲ့ Placement Test ဖြေဆိုခွင့် မရသူတွေအတွက် Placement Test နောက်တစ်ကြိမ် ပြုလုပ်မှာဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်း ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းဆရာတစ်ဦးက “ဒီတခေါက်က အရင်က Placement Test လိုမျိုးမဟုတ်ဘဲ မူလတန်းအဆင့် ကျောင်းပြင်ပညာရေး(NFPE) နဲ့ အလယ်တန်းအဆင့် ကျောင်ပြင်ပ ပညာရေး ( NFME) အတွက် ဆိုပြီး ၂ မျိုးခွဲထားတယ် NFPE Level 1 မှာ G1 , G2 , G3 နဲ့ LeveL 2 မှာ G4 , G5 ဖြစ်ပြီး NFME Level 1 မှာ G6 , နဲ့ Level 2 မှာ G7 နဲ့ G8 နဲ့ Level 3 မှာ G9 တွေပါဝင်မှာဖြစ်တယ်” လို့ပြောပါတယ်။

မူလတန်းအဆင့် ကျောင်းပြင်ပညာရေး(NFPE) Level 1 G1 , G2 , G3 အတွက် ကျောင်းတစ်ခါမှ မတက်ရောက်ဖူးသူ အသက် ၁၀ နှစ်ကနေ အသက် ၁၆ နှစ် မကျော်သူတွေက Placement Test ကို ဖြေဆိုရမှာဖြစ်ပြီး နဲ့ LeveL 2 မှာ G4 , G5 အတွက်တော့ G3 အောင်မြင်ပြီးသူတွေ အသက် ၁၀ နှစ်ကနေ ၁၆ နှစ် မကျော်သေးတဲ့ သူတွေက Placement Test ကိုဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

အလယ်တန်းအဆင့် ကျောင်ပြင်ပ ပညာရေး ( NFME) Level 1 G6 , Level 2 မှာ G7 နဲ့ G8 နဲ့ Level 3 မှာ G9 ဖြေဆိုမည့်သူတွေအနေဖြင့် အသက် 13 နှစ်ကနေ အသက် ၂၁ နှစ် အထိ ဖြေဆိုခွင့်ရှိမှာဖြစ်ပြီး Level 1 မှာ G5 အောင်မြင်ပြီးသူတွေက ဖြေဆိုခွင့်ရှိပြီး Level 2 မှာ G6 အောင်မြင်ပြီးသူတွေက ဖြေဆိုလို့ရမှာဖြစ်ပြီး Level 3 G7 အောင်မြင်ပြီးသူတွေက ဖြေဆိုခွင့်ရှိတယ်လို့လည်း သိရပါတယ်။

ကျောင်းပညာရေးနဲ့ ကင်းကွာတာကြာပြီဖြစ်တဲ့ ကလေးအတွက် ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ အရည်ချင်းစစ် စာမေးပွဲ ( Plavement Test ) ကို ချင်းပြည်နယ်ရှိ သက်ဆိုင်ရာ မြို့နယ် စာစစ်ဌာန အသီးသီးကနေ ဖြေဆိုဖို့ နာမည်စာရင်းပေးသွင်းခဲ့တဲ့ ကျောင်းသား ၊ ကျောင်းသူ ဦးရေ ၈ ထောင်ကျော်ရှိခဲ့ပြီး ၇၁၈၉ ဦးခန့်မှ ဖြေဆိုခဲ့ကာ ပျက်ကွက်ခဲ့သူ ၁ ထောင်ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *