Headlines

ချင်းပြည်နယ်က မြို့ ၃ မြို့အတွက် တရုတ်နိုင်ငံက လှူဒါန်းတဲ့ ဆန် ၈ တန် ကလေးမြို့ကို ရောက်ရှိ

ဇွန်လ ၁ ရက်။

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့တွေမှာ ပြန်လည် ဝင်ရောက်တာဝန်ထမ်းဆောင်ကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် APTERR အစီအစဉ်အရ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ဆန် (၈) တန် ဟာ မေလ ၃၁ ရက်နေ့ ကလေးမြို့ကို ရောက်ရှိလာပြီဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်တွေကို အမြန်ဆုံး ပို့ ဆောင်ဖြန့်ဝေသွားမှာဖြစ်

တယ်လို့ ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဖလမ်းမြို့၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် ဆန်ရိက္ခာ ပေးပို့ဖြည့်တင်းနိုင်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို သက်ဆိုင်ရာဒေသတွေကို အချိန်မှီပို့ဆောင်နိုင်ရေး တို့အတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

တရုတ်နိုင်ငံက လှူဒါန်းလိုက်တဲ့ ဆန် ၈ တန်ဟာ မေလ ၃၁ ရက်နေ့မှာ ရန်ကုန်ကနေ တပ်မတော် လေယာဉ်တွေ နဲ့ ကလေးမြို့ကိုရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီကနေ တဆင့် သက်ဆိုင်ရာမြို့တွေကို အမြန်ဆုံးပို့ဆောင် ဖြန့်ဝေနိုင်ရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်ကောင်စီက ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ခဲ့ကာ တွန်းဇံမြို့ကိုလည်း မေလ ၁၉ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး တီးတိန်မြို့ကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားတာဖြစ်ပေမယ့် မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် ဒေသခံ ပြည်သူ အမြောက်အများ စစ်ဘေးရှောင်ခဲ့ရာကနေ လက်ရှိ နေရပ်ပြန်လာနေကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *