Headlines

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲအများဆုံးဖြင့် သမ္မတဖြစ်လာ

ဧပြီလ ၃ ရက်။

ဒီကနေ့ဧပြီလ ၃ ရက်မှာ နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်မှုဖြင့် သမ္မတရွေးချယ်ပွဲ ကျင်းပခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲအများဆုံးနဲ့ သမ္မတရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၈၄ ယောက်ရဲ့ မဲလက်မှတ်နဲ့ လျှိုဝှက်ဆန္ဒမဲပေးတဲ့ စနစ်နဲ့ ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ဦးညိုစောက ၁၂၆ မဲ ဖြင့် ဒုတိယသမ္မတ ၁ နေရာကို ရပြီး ၊ ဒေါ်နန်းနီနီအေးက ၂၉ မဲရရှိလို့ ဒုတိယ သမ္မတ ၂ နေရာကို ရပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၄၂၉ မဲ ဖြင့် သမ္မတဖြစ်လာပါတယ်။

ပြည်သူ့/ အမျိုးသား / တပ်မတော် လွှတ်တော်အစုအဖွဲ့ ၃ ခုက ရွေးချယ်တင်မြှောက်ထားတဲ့ ဒုတိယသမ္မတ ၃ ဦးထဲက ပြည်သူ့လွှတ်တော်ကတင်မြောက်ထားတဲ့ ဒုသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဲခွဲဆုံးဖြတ်မှုဖြင့် ရွေးချယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီနေ့ရွေးချယ်ခဲ့တဲ့ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေဟာ ပြည်တော်စုလွှတ်တော်မှာ ကျမ်းကျိန်ပြီးရင် အစိုးရတာဝန်တွေကို ၅ နှစ်တာ ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *