Headlines

ဟားခါးမြို့နယ် Zokhua ရွာ၊Cin Khua ရွာနဲ့ဖလမ်းမြို့နယ် Lumbang ရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ တချို့ထိခိုက်ဒဏ်ရာရကာ နေအိမ်အမြောက်အများထိခိုက်ပျက်စီးခဲ့တယ်လို့ သိရ

ဖေဖော်ဝါရီလ ၁၉ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ဇိုခွာ (Zokhua)၊ချင်ခွာ (Cin Khua )နဲ့ဖလမ်းမြို့နယ် Lumbang ရွာ ကို စစ်ကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနေအိမ်အမြောက်အများထိခိုက်ပျက်စီးခဲ့သလိုအရပ်သားပြည်သူ တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက “Zokhua ရွာကို လေကြောင်းကနေ အရင်ဗုံးကြဲတိုက်ခိုက်ခဲ့တယ် အဲဒီမှာ နေအိမ် ၃ လုံးလောက် ပျက်စီးခဲ့တယ် နောက်ပြီး Cinkhua ရဲ့ အနီးနားဝန်းကျင်ကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ် အဲဒီမှာ နေအိမ်အမြောက်အများ ပျက်စီးခဲ့သလို ဒေသခံ ၃ ဦး ထိခိုက်ဒဏ် အပြင်းအထန် ရခဲ့တယ်လို့ သတင်းကြားတယ်” လို့ ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူ ၃ ဦးထဲမှာ ၁ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး လက်ရှိ ဟားခါးမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့အရှေ့ဘက်ခြမ်းမှာ တည်ရှိတဲ့ ဖလမ်းမြို့နယ်ထဲက Lumbang ရွာကိုလည်း ဒီကနေ့ မနက်ပိုင်း ၁ နာရီခွဲခန့်မှာ Y12 နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်ထိခိုက်တာတွေ ရှိသလို ဒေသခံအမျိုးသမီးတစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးရွယ်အို အမျိုးသားအပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး လူအမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *