
ဒီဇင်ဘာလ ၂၉ ရက်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ကျင်းပတဲ့ ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ကလွှတ်တော်နေရာမဲဆန္ဒနယ် အားလုံးမှာပြည်ထောင်စု ကြုံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့တယ် လို့ Chin World Media ရဲ့ သတင်းအရင်းအမြစ်ထံမှ သိရှိရ ပါတယ်။
ကလေးမြို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ နှင့် ရှမ်းနီ (တိုင်းလျန်) ပါတီ တို့ယှဉ်ပြိုင်ခဲ့ ပြီး ကြံ့ခိုင်ရေးပါတီမှ ဒုတိယ မဲအရေအတွက် လိုက်သည့် တစည ပါတီကို ပြည်သူလွှတ်တော် မဲဆန္ဒနယ် မှာ မဲ အရေအတွက် ၈ ထောင် ခန့်၊ အမျိုးသား လွတ်တော်မဲ ဆန္ဒနယ်မှာ မဲ ၈ ထောင် ခန့် နှင့် တိုင်းဒေသကြီး လွှတ်တော်မှာ မဲ ၅ ထောင်ခန့် အသာစီး ဖြင့် အနိုင်ရရှိ ခဲ့ပါတယ်။
ကလေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ မှ ဦးခင်မောင်သန်း (ခ) ခိုင်ဒိတ်တွောင် က ၁၉,၀၂၂ မဲ ဖြင့် အနိုင်ရရှိ ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မှ ဦးအောင်မိုး က ၁၁,၃၃၃မဲ ရရှိခဲ့ ပါတယ်။
ကလေးမြို့နယ် အမျိုးသားလွှတ်တော် မဲအများဆုံး အနိုင်ယူ မဲဆန္ဒနယ် ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ မှ ဒေါ်ကျော့ယဉ်ဝင်းက ၁၈,၂၉၆မဲ ဖြင့် အနိုင်ရရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မှ ဦး ကျော်စိုး က ၉,၄၅၀မဲ၊ ပြည်သူ့ရှေ့ဆောင် ပါတီမှ ဦးရန်နိုင်ဌေး ၂,၄၀၈ မဲ စသဖြင့် အသီးသီး ရရှိ ခဲ့ပါတယ်။
တိုင်းဒေသကြီး လွတ်တော် မဲအများဆုံး အနိုင်ယူ မဲဆန္ဒနယ် ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ မှ ဦးမင်းဆွေ က ၁၇,၃၅၀ မဲ ဖြင့် အနိုင်ရရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မှ ဦးဖေသိန်းက မဲ ၁၂,၇၉၈မဲ ရရှိခဲ့ ပါတယ်။
ချင်းတိုင်းရင်းသားရေးရာကိုယ်စားလှယ် မဲဆန္ဒနယ်ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ မှ ဦးငွန်ဘွာလ်ထန် က ၁,၉၃၃ မဲ ဖြင့် ဦးဆောင် နေပြီး ပြည်သူ့ ရှေ့ဆောင်ပါတီမှ ဦးဆတင်ထောင်း က ၅၆၃ မဲကို လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဒေါ် သျှန်းနှဲမ်းထွေး က ၁,၀၄၅ မဲကို လည်းကောင်း အသီးသီး ရရှိ ကြပါတယ်။
ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် မဲဆန္ဒနယ်ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ မှ ဦးသန်းဇော်ထွန်း က မဲ ၃၇ မဲ ဖြင့် ဦးဆောင် နေပြီး ရှမ်းနီ (တိုင်းလျန်) ပါတီမှ ဦးစိန်ဖေက ၂၂ မဲ ရရှိခဲ့ ပါတယ်။
ကလေးမြို့မှာ မဲပေးသူ စုစုပေါင်း ၃၀,၃၃၅ ဦးခန့် ရှိခဲ့ပြီး ချင်း တိုင်းရင်းသား ရေးရာ ကိုယ်စားလှယ် နေရာ အတွက် မဲပေးသူ ၃, ၅၄၁ ဦး၊ ရှမ်းတိုင်းရင်းသား ရေးရာ ကိုယ်စားလှယ် နေရာ အတွက် မဲပေးသူ ၅၉ ဦး ရှိခဲ့ပါတယ်။

