

အောက်တိုဘာလ ၁၆ ရက်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ မနက်ဖြန် အောက်တိုဘာလ ၁၇ ရက်ညမှာ ကျင်းပပြုလုပ်မယ့် One Championship , One Firday Fight 129 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်ဖိုက်တာ ဟာယူယူကီတာနစ်ဆု တို့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။
ဂျပန်ဖိုက်တာ ကစားသမား ဟာယူယူကီတာနစ်ဆုဟာ One Championship မှာပြိုင်ပွဲပေါင်း ၅ ပွဲထိုးထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲရှုံး ဆိုတဲ့ ရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပြီး အတွေ့ကြုံရှိကစားသမားလည်းဖြစ်လို့ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အာက်ချင်းလေး အတွက်တော့ ခက်ခဲမဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။
ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး ကတော့ One Championship ပြိုင်ပွဲမှာ ပထမဆုံးပွဲထွက် အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ဂျပန်နိုင်ငံသားဖိုက်တာနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ထားပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ချင်းလူငယ်ဖိုက်တာ မင်းတပ်သား ဟာလိန်းအွမ် (ခ) အာက်ချင်းလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြည်နယ်နဲ့ တိုင်းလက်ဝှေ့ချန်ပီယံဖြစ်ခဲ့ဖူးပြီး လက်ဝှေ့၊ ဂျူဒို၊ ဝူရှုးဆန်း တွေမှာလည်း စွယ်စုံရ အရည်အသွေးရှိကစားသမားဖြစ်ကာ လက်ရှိ One Championship ပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ်ဖိုက်တာအဖြစ် ရောက်ရှိလာသူလည်းဖြစ်ပါတယ်။

