Headlines

ချင်းလူငယ်ဖိုက်တာ Joshua Van က UFC Flyweight တန်း အဆင့် ၁ ဖိုက်တာကိုအနိုင်ရ

ဇွန်လ ၂၉ ရက်။

ဒီကနေ့ ဇွန် ၂၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊လပ်ဗီးဂတ်မြို့မှာ ကျင်းပတဲ့ UFC 317 ၊ ဖလိုင်းဝိတ်တန်း ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van က UFC Flyweight တန်း အဆင့် ၁ ဖိုက်တာဖြစ်တဲ့ ပြိုင်ဘက် အမေရိကန်ဖိုက်တာ Brandon Royval ကိုအကြိတ်အနယ်ထိုးသတ်ခဲ့ပြီး တတိယအချီမှာ ဒိုင်အဆုံးအဖြတ်နဲ့ အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ အနိုင်ရရှိသူဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရမယ်လို့လည်း ဇွန်လ ၂၇ ရက်နေ့မှာပြုလုပ်တဲ့ UFC 317 ပြိုင်ပွဲ အကြိုသတင်းစာရှင်းလင်းပွဲမှာ UFC ဥက္ကဌကြီးဖြစ်သူ ဒေနာဝှိုက်က ပြောဆိုထားပါတယ်။

UFC Flyweight တန်း အဆင့်် ၁ ဖိုက်တာဖြစ်တဲ့ Brando Royval ဟာ အသက် ၃၂ နှစ်အရွယ်၊ အရပ် ၅ ပေ ၉ လက်မရှိသူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ ပြိုင်ပွဲပေါင်း ၂၄ ပွဲထိုးသတ်ထားသူဖြစ်ကာ ၁၇ ပွဲနိုင်၊ ၇ ပွဲရှုံးနိမ့်ထားသူလည်းဖြစ်ပြီး UFC ပြိုင်ပွဲမှာတော့ ၁၁ ပွဲထိုးသတ်ထားပြီး ၇ ပွဲ နိုင်၊ ၄ ပွဲရှုံးထားသူလည်း ဖြစ်ပါတယ်။

ချင်းလူငယ်လူဖိုက်တာ Joshua Van ကတော့ ဇွန်လ ၇ ရက်နေ့ကလည်း ဘရာဇီးလ်ဝါရင့်ဖိုက်တာ Bruno Silva နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပြိုင်ဘက် ဘရာဇီးလ်ဖိုက်တာကို တတိယအချီမှာ အလဲထိုးပြီး အနိုင်ယူခဲ့ပါသေးတယ်။

မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိ အသက် ၂၃ နှစ်အရွယ်သာရှိသေးပြီး UFC ပြိုင်ပွဲမှာလည်း ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားကာ ၈ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်းရရှိထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *