Headlines

မင်းတပ်မြို့မှာ ပိတ်ပင်ထားတဲ့ အရက်၊ ဘီယာတွေကို ဖမ်းဆီးရမိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်

ဇွန်လ ၂၃ ရက်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက မင်းတပ်မြို့နယ်အတွင်း တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနှင့် အရက်၊ ဘီယာတွေကို မင်းတပ်မြို့ပေါ်အတွင်း ရှောင်တခင်စစ်ဆေးရာမှာ ဖမ်းဆီးရမိတဲ့ အရက်ဘီယာတွေကို ဇွန်လ ၂၀ ရက်မှာ ပိုင်ရှင်တွေနဲ့ အများပြည်သူရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၃ ရက်နေ့ မှာထုတ်ပြန်ပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ အရက်၊ ဘီယာတွေရဲ့ စာရင်းတွေကိုလည်း ဖော်ပြထားပြီး Yoma တံဆိပ်ပါ ဘီယာဘူး ၂၅ ဘူး၊ Tappper တံဆိပ်ပါ ဘီယာဘူး ၁၈ လုံး၊ Grand Royal အရက်ပုလင်း ၃လုံးနဲ့ ၅ ဂါလံပုံးတစ်ပုံး၊ ဝီစကီ အရက်ဘူး ၁၄ ဘူး၊ ရွှေအရက်သန့် တံဆိပ် ပါ ၁ လီတာဘူး၉ ဘူး၊ လီဒါအရက်ဖြူသန့် တံဆိပ်ပါ ၁ လီတာဘူး ၁၂ ဘူူး၊ လီဒါအရက်ဖြူ တံဆိပ်ပါ အသေး ၁၀၅ ဘူး၊ အားမာန်တံဆိပ်ပါ ပလပ်စတိတ်ဘူးသေး ၁ ဘူးနဲ့ ရွှေသန့်တံဆိပ်ပါ အသေးဘူး ၄၁ ဘူး တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က မင်းတပ်မြို့ကို သိမ်းပိုက်ခဲ့ပြီး လက်ရှိမင်းတပ်မြို့နယ် အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *