Headlines

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တစ်ဦး အရက်မူးပြီး ပတ်ဝန်းကျင်ကို ဒုက္ခ ခဏခဏ ပေးတာကြောင့် မြန်မာနိုင်ငံပြန်ပို့ခံရမယ်လို့ သိရ

ဇွန်လ ၁၆ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်၊ Helipad ရပ်ကွက်မှာနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်တစ်ဦးဟာ အရက်သောက်ပြီး မူးတဲ့အချိန် ပတ်ဝန်းကျင်ကို ဒုက္ခ ခဏခဏပေးနေတာကြောင့် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံပြန်ပို့ဖို့ New Champhai Branch YMA က အသိပေးထားတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့် မြန်မာစစ်ဘေးရှောင်ဟာ ချင်းလူမျိုးစစ်ဘေးရှောင်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်မှာ မြန်မာစစ်ဘေးရှောင် တစ်သောင်းကျော်ခန့် စစ်ဘေးရှောင် နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။.

Leave a Reply

Your email address will not be published. Required fields are marked *