Headlines

ဒီကနေ့ ချင်းတောင်ကို စစ်ကား ၁၅ စီးပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တက်ပြီးနောက် ခိုင်ကမ်းမြို့ဂိတ်ကနေ ချင်းတောင်တက်မယ့်ကားအားလုံးကို ပိတ်ဆို့

မေလ ၁၉ ရက်။

ဒီကနေ့ မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကား ၁၅ စီး ဖြင့် စစ်ကောင်စီတပ်စစ်ကြောင်း ချင်းတောင်သို့ ချီတက် သွားခဲ့ပြီး တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရဲစခန်းရှိ စစ်ဆေးရေး ဂိတ်ကနေ ချင်းတောင်ကို တက်သွားသွားမယ့် ကား အားလုံး ပိတ်ဆို့ထားလိုက်တယ် လို့ ခိုင်ကမ်း ဒေသခံများ ထံမှ သိရှိခဲ့ရ ပါတယ်။

“မနက် ၄ နာရီ လောက်မှာ တောင်ပေါ် စတက် ကြတာ။ စစ်တပ် အင်အားက အနည်းဆုံး ၂၀၀ ရှိလိမ့်မယ်။ ကားနဲ့ ပါတဲ့စစ်သားတွေ ရှိတယ်။ တောင်ရိုး အတိုင်း ခြေလျင် ချီတက်တဲ့ စစ်သားတွေလည်း ရှိတယ်။ ခိုင်ကမ်းရဲစခန်း ကတော့ ချင်းပြည်နယ် ဘက်ကို တက်သွားမယ့် ကား အားလုံးတားပြီးတော့ လမ်းပိတ်ထား တယ်” လို့ ခိုင်ကမ်း ဒေသခံ တစ်ဦးက ပြောကြားခဲ့ ပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ကလေး-သိုင်းငင်း လမ်း အတိုင်း ဦးတည် နေကြောင်း ၊ လက်ရှိ အချိန်ထိတော့ ထိတွေ့တိုက်ပွဲ ဖြစ်တာ၊ ပစ်ခတ်တာမျိုး မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

“လေယာဉ်တွေလည်း ပျံဝဲ နေတာ တွေ့ရတယ်။ သူတို့ စစ်ကြောင်းကို ဝေဟင် ကနေ ကင်းလှည့်ပေး နေတာမျိုး ဖြစ်မလား မပြောတတ်ဘူး။ ကလေး-တီးတိန် လမ်းမ တလျှောက်မှာတော့ ဗုံးကြဲတာမျိုး မရှိသေးဘူး” လို့ ခိုင်ကမ်း ဒေသခံ တစ်ဦးမှ လက်ရှိ အခြေအနေကို သုံးသပ် ခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့ နေ့လည် ၁၂ ခန့်မှာတော့ တွန်းဇံမြို့ ရဲစခန်း တဝှိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခတ် ဗုံးကြဲ ခဲ့တာကြောင့် အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *