Headlines

တော်လှန်ရေး ၄ နှစ်တာမှာ CDF – Lautu တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF-Lautu ထုတ်ပြန်

မေလ ၅ ရက်။

လောက်တူ(Lautu)လူမျိုးတို့၏ နိုင်ငံရေးကံကြမ္မာသည် လောက်တူပြည်သူများ၌သာ ရှိစေရေးအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ရေးဆောင်ရွက်နေသော ၄ နှစ်တာကာလမှာ တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် CDF – Lautu မှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မနေ့ မေလ ၄ ရက်မှာ ကျရောက်တဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်မှာ CDF – Lautu က သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးတွင် ပြည်သူသာ အဓိက၊ ပြည်သူသည်သာ အဆုံးအဖြတ်ဖြစ်၍ တော်လှန်ရေး အောင်နိုင်ရေးသည် ပြည်သူ့ လက်ဝယ်တွင် ရှိသောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူအားလုံး လူအင်အားဖြင့်ဖြစ်စေ၊ ငွေကြေးအားဖြင့် ဖြစ်စေ မိမိ တတ်နိုင်သော အခန်းကဏ္ဍမှ စည်းလုံးညီညွတ်စွာ တော်လှန်တိုက်ပွဲ ဝင်သွားရန် CDF – Lautu က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းမေလ ၄ ရက်မှာ ကျရောက်တဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်မှာ CDF – Lautu က ထုတ်ပြန်ပါတယ်။

CDF-Lautu တပ်ဖွဲ့ဟာ Lautu မျိုးနွယ်စုများနေထိုင်ရာ ချင်းပြည်နယ် ထန်တလန်မြို့နယ်နဲ့မတူပီမြို့နယ်မှာအခြေစိုက်ပြီးစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *