Headlines

အိမ်ဖြူတော်မှာ ပြသထားတဲ့ သမ္မတထရမ့်ရဲ့ ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး စာရင်းမှာ ချင်းလူမျိုး ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃ ဦးပါဝင်

ဧပြီလ ၃၀ ရက်။

အမေရိကန်သမ္မတထရမ့် သမ္မတရာထူး ရယူပြီး ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦးရဲ့ ဓာတ်ပုံများကို အမေရိကန်သမ္မတအိမ်တော်၊အိမ်ဖြူတော်မှာ ခင်းကျင်းပြသထားပြီး ချင်းလူမျိုး ၂ ဦး အပါအဝင် မြန်မာနိုင်ငံသား ၃ ဦးပါဝင်ကြောင်း အမေရိကန်အိမ်ဖြူတော်က ဧပြီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်သမ္မတထရမ့် သမ္မတရာထူး ရယူပြီး ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦးထဲ မြန်မာနိုင်ငံသား ၃ ဦး ပါဝင်ပြီး နံပါတ် အမှတ်စဉ် ၅၉ အဖြစ် မြန်မာနိုင်ငံသား တေမြင့် ၊ အမှတ်စဉ် ၇၇ အဖြစ် မြန်မာနိုင်ငံသား Thang Lam KAP ၊ အမှတ်စဉ် ၈၂ အဖြစ် မြန်မာနိုင်ငံသား Samuel LUNG-Sein တို့ဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားတစ်ဦးမှာ Samuel LUNG-Sein ဖြစ်ပြီး မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရကြောင်း၊ ၎င်းကို အမေရိကန်လူဝင်မှုကြီးကြပ်ရေး ICE Chicago က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁ ဦးမှာ Thang Lam KAP ဖြစ်ပြီး ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရဖူးသူဖြစ်ကြောင်း၊ ၎င်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ICE Chicago က ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

ဖမ်းဆီးခံရသော အသက် ၅၃ နှစ်အရွယ် မြန်မာနိုင်ငံသား တေမြင့် ဟာ တက္ကဆက်ပြည်နယ်မှာ ကလေးသူငယ်အပေါ် အကြီးစားလိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ် ကျခဲ့ရသူဖြစ်ကြောင်း၊ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ICE Dallas က ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း၊ တေမြင့်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့စွဲဖြင့် နိုင်ငံထဲမှ ထုတ်ပယ်ရန် အမေရိကန်တရားရုံးက အမိန့်ချမှတ်ထားကြောင်း သိရှိရပါတယ်။

အမေရိကန်သမ္မတထရမ့်က သမ္မတရာထူးရယူပြီးနောက် သက်တမ်းရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများအနက်မှ ရာဇဝတ်မှု ကျူးလွန်သူ တရားခံများကို ဖမ်းဆီး သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ ပြန်ပို့ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းကဲ့သို့သော တင်းကျပ်သော မူဝါဒဖြင့် ဆောင် ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဖမ်းဆီးခဲ့သော ရာဇဝတ်မှု ကျူးလွန်သူ တရားခံအများအပြားအနက်မှ ၁၀၀ ဦးရဲ့ ရုပ်ပုံများနှင့် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများကို ဓာတ်ပုံများ ထုတ်ဝေကာ အမေရိကန်သမ္မတရဲ့အိမ်ဖြူတော်မှာခင်းကျင်းပြသထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *