ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

ဧပြီလ ၂၁ ရက်။

ကမ္ဘာ့ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် တာဝန်ယူတာ ၁၂ နှစ်ထဲရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။

“နံနက် ၇ နာရီ ၃၅ မိနစ်အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားပြီဖြစ် ပါတယ်။ သူ့ရဲ့တစ်ဘဝလုံး ဘုရားသခင်နဲ့ သူ့ရဲ့ ဘုရားကျောင်းအတွက် အမှုတော်ထမ်း ဖို့ စိတ်ကိုနစ်မြှုပ်ထားခဲ့တာဖြစ်ပါတယ်”လို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။

အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဗာတီကန်နန်းတော် မှာပဲ ၂ လလောက် နားနားနေနေ နေဖို့ ဆရာဝန်တွေက အကြံပြုခဲ့တဲ့နောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ၂၀၁၃ ခုနှစ်ကတည်းက ကက်သလစ်ဘာသာဝင် ၁.၄ ဘီလီယံရှိတဲ့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အာဂျင်တီးနားနိုင်ငံက ဖြစ်ပြီး တောင်ကမ္ဘာခြမ်းနဲ့ အမေရိကတိုက်တွေကနေ တင်မြှောက်ခံရတဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။

Ref : Vatican News

Leave a Reply

Your email address will not be published. Required fields are marked *