Input your search keywords and press Enter.

တပ်မတော်အာဏာသိမ်းသည့်အပေါ်ချင်းအဖွဲ့အစည်းအသီးသီး၏အမြင်

 

တပ်မတော်မှနိုင်ငံတော်အာဏာကို ၁ နှစ် အာဏာသိမ်းသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ပါတီခေါင်းဆောင်များ၊အရပ်ဖက်အဖွဲ့အစည်းတချို့တို့၏အမြင်ကိုစုစည်းဖော်ပြလိုက်ပါသည်။

 

ဦးဝှေ့တင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ( ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်)

ကျနော်တို့က တတိယအကြိမ် လွှတ်တော်တက်ဖို့အတွက် နေပြည်တော်ကိုလာတယ် ကျနော်တို့က ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအုပ်ချုပ်စဉ်မှာ ဒီလိုမျိုး တပ်မတော်က ရုတ်တရက်အာဏာသိမ်းတယ် ဆိုတာက မဖြစ်သင့်တဲ့အရာလို့ မှတ်ချက်ပြုချင်တယ် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်တက်ဖို့အတွက်အဆင်သင့်ရှိနေတဲ့အချိန် တပ်မတော်က ရုတ်တရက်ကြီး အာဏာသိမ်းတယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ထဲမှာလည်း မကောင်းဘူး ဒီမိုကရေစီ နိုင်ငံဖြစ်နေဆဲကာလမှာ ဒီလိုမျိုး လုပ်ရပ်က မလုပ်ထိုက်ဘူးလို့ သုံးသက်တယ် လက်ရှိNLD ဥက္ကဌနဲ့ သမ္မတကြီးရဲ့ လမ်းညွှန်မှုအောက်မှာဘဲ NLD အဖွဲ့ဝင်များအနေနဲ့ လိုက်နာသွားဖို့ ပြင်ဆင်ထားပါတယ် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဘာတွေလုပ်ပါ ဒါလုပ်ပါ ဆိုတဲ့ညွှန်ကြားတာမျိုးတော့ မရှိသေးဘူး မဲဆန္ဒရှင်ပြည်သူတွေကလည်း စည်းစည်းလုံးလုံးနဲ့ သည်းခံပြီး နေပေးကြဖို့ မတ္တာရပ်ခံပါတယ် ဒါကလက်တလော ဖြစ်တဲ့ကိစ္စဖြစ်တဲ့အခါကြတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ဒီလိုမျိုးဖြစ်လိမ့်မယ် မတွေးမိဘူး ဒီလိုဖြစ်သွားတော့ ပြည်သူလူထုကလည်း စိတ်မကောင်းဖြစ်နေရတာ သိပါတယ် နိုင်ငံရေးအလှည့်ပြောင်း တစ်ခုမှာ လွှတ်တော်ကိုယ်စားလှယ် ပြည်သူလူထုတွေရော စိတ်မကောင်းကြဘူး ပြည်သူလူလူထုအနေနဲ့ ၇၂ နာရီအတွင်းမှာ ပါတီလူကြီးတွေ ထုတ်ပြန်တဲ့ဟာမဟုတ်ဘဲနဲ့ ဆူပူမှုတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံချင်တယ် တပ်မတော်ထုတ်ပြန်ချက်အရ တစ်နှစ်ပြီးရင် ရွေးကောက်ပွဲပြန်လုပ်ပေးမယ် ပြောတယ် ကျတော်တစ်ဦးထဲ အမြင်ပြောရရင် အယုံကြည်တော့ မရှိဘူး

ဆလိုင်းငယ်ပီး(အတွင်းရေးမူးအဖွဲ့ဝင်၊ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

သူတို့အချင်းချင်းဖြစ်တဲ့ပြသနာကို တို်င်းရင်းသားတွေက ဝင်ခံရပြန်ပြီ၊ တိုင်းပြည်မှာနေထိုင်တဲ့ တိုင်းရင်းသားတွေ စားဝတ်နေရေး ခက်ခဲတဲ့ကြားက ဘာမှဝင်မပါဘဲ မြေစာပင်လို ပြန်ခံရတယ် အဓိကတော့ ကျတော်တို့က ပင်လုံစာချုပ်အရ တိုင်းရင်းသားတွေ တန်းတူညီတူ ဖြစ်စေရေးအတွက် နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်လာတာဖြစ်တယ် ဒီလိုကိစ္စတွေ ပေါ်လာတော့ ကိုယ့်ပယောဂ မပါဘဲနဲ့ တိုင်းပြည်ကြီး မတည်မငြိမ်ဖြစ်သွားရတဲ့ ဟာကြီးကို မြေစာပင်ဖြစ်ရတယ်လို့ပြောချင်ပါတယ်။

ဒေါ်ရှားမီး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( ကလေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)

“ဘယ်အချိန်ပြန်လွတ်မယ်ဆိုတာတော့ မသိဘူး သတင်းအချက်လက်လည်း ဘာမှမသိရသေးဘူး ဆိုတော့ မဲဆန္ဒရှင်တွေရဲ့ မဲရလဒ်အပေါ်မှာ ကျေးဇူးတင်တယ် မဲရလဒ်တွေအပေါ်မှာ အသိမှတ်ပြုမခံရတဲ့တွက် ကျမအနေနဲ့ မဆန္ဒရှင်တွေကို စိတ်မကောင်းဘူး”

ဆလိုင်းအောင်မင်းလှိုင်(အထွေထွေအတွင်းရေးမူး၊အရှိုချင်းအမျိုးသားပါတီ)

ကျတော်တို့အမြင်က နိုင်ငံရေးအခက်ခဲပြသနာတစ်ခုကို ဖြေရှင်းနည်း အမျိုးမျိုးရှိတယ် ကျတော်တို့အနေနဲ့ ဆွေးနွေးညှိနှိုင်းတာမျိုးကို ဖြစ်စေချင်ပါတယ် သမိုင်းအစဉ်လာကောင်းဖြစ်အောင် အခုချိန်မှာတော့ သိမ်းပြီးပြီပေါ့ တိုင်းပြည်မျက်နှာကြည့်ပြီးတော့ အကောင်းဆုံး နိုင်ငံရေးအခင်းကျင်းမျိုး ဖြစ်အောင် လုပ်ဖို့ဘဲ တိုက်တွန်းချင်ပါတယ် အသိမ်းခံရတဲ့ အစိုးရရော သိမ်းတဲ့အစိုးရရော ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ကြည့်ပြီးတော့ ဒီမိုကရေစီစနစ်ကြီးလည်း သဲထဲရေသွန်မဖြစ်ရအောင် တို်င်းရင်းသားတွေမျော်လင့်တဲ့ ဖက်ဒရယ်လည်း ပျက်စီးမသွားရအောင် နိုင်ငံရေးမှာ သက်ဆိုင်သူအားလုံး ပူးပူးပေါင်းပေါင်း ပြန်ထူထောင်သွားဖို့ ကျနော်တို့က ဆန္ဒရှိပါတယ် ၂၀၂ဝရွေးကောက်ပွဲက မဲမသမာမှုတွေရှိတယ် တရားသဖြင့် မျှတမှုမရှိဘူးလိုိ့ တစ်ဖက်နဲ့တစ်ဖက်ပြောကြတာပေါ့ တစ်ဖက်ကလည်း မျှမျှတတဖြစ်တယ် တစ်ဖက်ကလည်း မျှတမှုတွေမရှိဘူး လွဲမှားမှုတွေရှိတယ် ဒီဥစ္စာက အဏာနဲ့ပက်သက်ပြီးတော့ အခြေခံပြီးတော့ ဖြစ်တဲ့ပြသနာပေါ့ မြန်မာနိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် အပြတ်ဖျက်မယ်ဆိုတာမျိုးထက် အာဏာဆိုရင်လည်း အာဏာမျှပေးတဲ့ ပုံစံနဲ့ လောလောဆယ်အခြေနေမှာ အဲဒီအတိုင်းလေး လုပ်ပေးကြမယ် လုပ်ပေးနိုင်ရင် အဆင်ပြေမယ်ထင်တယ် ကျတော်အထင်က အာဏာပြသနာလို့ထင်တယ် အာဏာရအောင် ကြိုးစားကြရင်း ဒီလိုတွေဖြစ်ကုန်ကြတယ် ထင်တယ်။

ကိုပါးဆို(ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ)
အဓိက စစ်တပ်က သံသယရှိတာက နာမည်တွေထပ်နေတဲ့ဟာတွေကို ရွေးကောက်ပွဲကို မယုုံကြည်ဘူးလို့ ပြောတယ် ဒါပေမဲ့ ကျတော်တို့ စောင့်ကြည့်ရေးအနေနဲ့ သွားတဲ့အခါမှာ နာမည်ထပ်တာမျိုးနဲ့ ပြောတာမျိုးမရှိခဲ့ဘူး ကျတော်တို့စောင့်ကြည့်ရေးအနေနဲ့ ဥပမာဆိုရင် မဲရုံအစောင့်ကလွဲရင် မသန်စွမ်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သွားနိုင်လားမသွားနိုင်ဘူးလား စတဲ့ လုပ်ပုံကိုင်ပုံက တော်တော်များများက အဆင်ပြေပါတယ် ပါတီတစ်ခုနဲ့တစ်ခုကြားအယုံကြည် မရှိတာဘဲဖြစ်တယ် မဲရုံစောင့်ကြည့်သူအနေနဲ့ အားလုံးအဆင်ပြေခဲ့တယ်လို့မြင်တယ် စစ်တပ်ဖက်က သိမ်းချင်လို့ သိမ်းလိုက်တယ်လို့ထင်တယ် ဒါကဥပဒေကို မလိုက်နာဘူး ပြည်သူလူထုရဲ့ ရွေးချယ်ထားတဲ့ သူတွေကိုလည်း လက်မခံဘူးလို့ မြင်တယ်။

ပူးဂင်ကမ်းလျန်(အထွေထွေအတွင်းရေးမူး၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)

ကျတာ်တို့က UNA အနေနဲ့ စုပေါင်းပြီး သဘောထားထုတ်ပြန်ဖို့ရှိတယ် တစ်ဦးတစ်ယောက်ခြင်းတော့ မပြောတော့ဘူ့း

Kim Tuang (ဇိုမီးလူငယ်အဖွဲ့ခေါင်းဆောင်)

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန် တဆက်ထဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်မယ် လုပ်တဲ့အချိန်မှာ စစ်တပ်ကအဏာသိမ်းတာ တကယ်ကို မဖြစ်သင့်တာ စစ်တပ်က အဓိကအကြောင်းပြချက်တွေကို ကြည့်တဲ့အချိန်မှာ မဲမသမာမှုဖြစ်တယ်ဆိုပြီး အချက်လက်နဲ့ စုစည်းတာကို ရွေးကောက်ပွဲ ကော်မရှင်လုံးဝလျစ်လျူရူတယ် ရပ်တည်ခွင့်ရ NLDကလည်း အရင်အစိုးရကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ဟာက အတည်ဆိုပြီးမာမာ တုံ့ပြန် အမှန်က လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံကလည်း တပ်ကို သာမန်တပ်မတော်မဟုတ်ဘူးဆိုတာ သိထားဖို့ကောင်းပါတယ် တပ်ကထောက်ပြတဲ့ မြို့နယ်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးသင့်တယ် လုပ်ပေးခဲ့ရင် အခုလိုအာဏာသိမ်းတယ်ဆိုတာ အခုနဲ့ဆိုရင် လေးကြိမ်ဖြစ်ပြီ တကယ်မဖြစ်သင့်ဘူး ၁၉၅၈ က တပ်မတော်အဏာသိမ်းတာက ရွေးကောက်ပွဲအပြီး တပ်ကအာဏာသိမ်းလိုက်တယ် နိုင်ငံတကာဖိအားက ၈၈ နောက်ပိုင်း နှစ်ပေါင်းနှစ်ဆယ် ဒီတိုင်းပြည်က ခံစားခဲ့ရတာ အဓိကခံစားရတာက ပြည်သူလူထုဖြစ်တယ် အခုလည်းဖြစ်ဦးမယ် နိုင်ငံတကာက မှတ်ချက်တွေဘဲပေးမှာ ထုံးစံဘဲ

ဆလိုင်းမာန်အွမ်(ချင်းအရပ်ဖက်လူမူ့အဖွဲ့အစည်း)

အာဏာသိမ်းသွားတဲ့ပေါ် လုံးဝကန့်ကွက်တယ်၊ ရှုံ့ချတယ်။ မြန်မာ့တပ်မတော်ရဲ့လုပ်ရပ်အပေါ် လုုံးဝ ရှုံ့ချတယ်။ ကျတော်တို့နိုင်ငံရေးက ချောင်ပိတ်နေတဲ့ နိုင်ငံရေးကြီးကိုပဲ သွား်နေတာပေါ့နော်။ ဘောင်အရမ်းကျဉ်းနေတဲ့ပုံစံပေါ့နော်။ ဒီလမ်းမရွေးရင် ဟိုလမ်းသွားမယ်ဆိုတဲ့ပုံစံကြီးပေါ့နော်။ တစ်ခုခုဆိုရင် စိတ်ကောက်ပြီး အာဏာသိမ်းတယ်ဆိုတာမျိုးဖြစ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုရင် အဲဒီအဖွဲ့အစည်းမှာ ဘာနည်းဗျူဟာမှမရှိဘူးဆိုတာ ပေါ်လွင်နေတယ်။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ့နော်။ အဲဒီဟာတောင် စကားအဖြစ်ပဲ ပေါ်တာဖြစ်ပြီး ဘာအရိပ်အယောင်တောင်ရသေးတာမဟုတ်ဘူး။ ဒီမိုကရေစီဓလေ့ကိုသွားမယ်ဆိုတာ ဆယ်နှစ်ပဲရှိသေးတာလေ။ လူထုကို သိလာအောင်အစိုးရအနေနဲ့သော်လည်းကောင်း၊ ဌာနဆိုင်ရာတွေကိုသော်လည်းကောင်း သိလာအောင် အရပ်ဖက်အဖွဲ့အစည်းက ဒီလောက်ရုန်းကန်လာတဲ့ကြားမှာ အာဏာသိမ်းမှုဖြစ်လာတာကတော့ ရင်ထုမနာခံစားရတယ်။ ကျတော်ကတော့ တုံ့ပြန်သင့်တဲ့အပိုင်းကိုပြောမယ်ဆိုရင် မတရားမှုကို ဒီတိုင်းငြိမ်ခံမယ်ဆိုရင် မတရားမှုကို ပံ့ပိုးတယ်လို့ပဲ ကျတော်မြင်တယ်။ မတရားမှုကို မတရားဘူးလို့ ကျယ်ကျယ်လောင်လောင်ပြောမှာသာလျှင် ကိုယ်ကိုယ်တိုင် မတရားမှုမှာ မပါဘူးလို့ ရှင်းလင်းတဲ့သဘောဖြစ်တယ်။ အခုဆိုရင် ကုန်စျေးနှုန်းတွေတက်နေတယ်။ အင်တာနက်လိုင်းတွေလည်းပျက်နေတယ်။ အကုန်လုံး အခက်အခဲဖြစ်နေတယ်။