Headlines

ပလက်ဝမြို့နယ်က မီးဘေးသင့် ဒေသခံအိမ်ထောင်စု ၆ စု အတွက် ငွေသားနဲ့ ဆန်တချို့ AA ထောက်ပံ့ခဲ့တယ်လို့ သိရ

မတ်လ ၁၁ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်သဲမဝကျေးရွာက မီးဘေးသင့်ပြည်သူ အယောက် (၃၀)ကျော်အတွက် အာရက္ခတပ်တော် (AA) ကငွေသားနဲ့ ဆန်အချို့ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ် အောက်သဲမယကျေးရွာမှာ မတ်လ ၉ ရက်နေ့က အိမ်ရှင်မတစ်ဦး ထမင်းချက်တဲ့ မီးဖိုချောင်နေရာကနေတဆင့် မီးစလောင်ခဲ့ပြီး နေအိမ် ၆ လုံးအထိလောင်ပျက်စီးခဲ့ပြီး လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ အာရက္ခတပ်တော် (AA)က မီးဘေးသင့်ပြည်သူတွေကို တစ်အိမ်ထောင်ကို ငွေ ၅ သောင်းနဲ့ ဆန်အချို့ပေးတယ်၊ တအိမ်ထောင်စုကို နို့ဆီဗူး ၂၀ ထောက်ပံ့တယ်လို့ သိရတယ် မီးဘေးသင့်တဲ့ အိမ်ထောင်စုက တအိမ်ထောင်စုမှာ ၅ ယောက်နှုန်းရှိတာဆိုတော့ တအိမ်ထောင်စုမှာ ၃ ရက်စာလှူတာပေါ့” လို့ပြောပါတယ်။

မီးဘေးသင့်တဲ့ အောက်သဲမဝကျေးရွာက အိမ်ထောင်စု ခြောက်စုက လူဦးရေ ၃၀ ကျော်ဟာ ကျေးရွာစာသင်ကျောင်းမှာ ယာယီနေထိုင်ကြတယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA) ကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာလည်း AA က ပလက်ဝမြို့နယ်အုပ်ချုပ်ရေး လုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *