
မတ်လ ၈ ရက်။
ပလက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း၊ IKACC/PC ၏ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့ စည်းမျဉ်းတွေ၊ ကာကွယ်ရေးမှုဝါဒနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းတွေကို ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ(IKACC/PC)ရဲ့ (တတိယအကြိမ် နှစ်ပတ်လည်ညီလာခံမှာ ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့တယ်လို့ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ ပလက်ဝကောင်စီရဲ့ တတိယအကြိမ် ညီလာခံကို မတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး (IKACC/PC) အလုပ်အမှုဆောင်တွေ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ၊ တပ်မှူးတွေ ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကျေးရွာကိုယ်စားလှယ်တွေနဲ့ လေ့လာသူ စုစုပေါင်း ၃၀၆ ဦး တက်ရောက်ခဲ့တယ်လို့လည်း IKACC က ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း အဏာရှင်စနစ်မှန်သမျှပပျောက်ရေး၊ နိုင်ငံရေးနဲ့ အမျိုးသားတန်းတူမှုရရှိရေး၊ လူမျိုးနွယ်စုတွေအကြား တန်းတူညီမျှ တရားမျှတမှုရှိတဲ့ ချင်းပြည်တည်ဆောက်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် ပြည်တွင်း၊ ပြည်ပရှိ ပလက်ဝမြို့နယ်သူ/သားတွေ ၊ ချင်းပြည်အတွင်းရှိ တော်လှန်ရေး၊ မြန်မာနိုင်ငံတွင်းက အခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းလည်း ထုတ်ပြန်ထားပါတယ်။
ပလက်ဝမြို့နယ်အတွင်း ကျေးရွာ ၃၈၈ ရွာထဲမှာ ကျေးရွာပေါင်း ၁၀၀ နီးပါးမှာ ပလက်ဝကောင်စီ (PC) က အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်ပြီး ပြည့်သူ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။
