
မတ်လ ၇ ရက်။
မီဇိုနဲ့ချင်းဟာလူမျိုးတမျိုးတည်းဖြစ်ကြောင်း ၊ ၁၉၃၅ ခုနှစ်အထိ အင်္ဂလိပ်လက်အောက်က အိန္ဒိယနိုင်ငံမှာ မီဇိုနဲ့ချင်းဟာ တနိုင်ငံတည်း အတူတကွ နေထိုင်ခဲ့ကြောင်း ၊ချင်းလက်နက်ကိုင်အဖွဲ့များအနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်းလုပ် ဆောင်ဖို့ မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K.Vanlalvena ဟာ ချင်းအမျိုးသားတပ်ဦး(CNF) ဗဟိုဌာနချုပ် ချင်းလုံမြို့ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သွားရောက်လည်ပတ်ခဲ့စဉ်မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်အရ ချင်းလက်နက်ကိုင် အဖွဲ့များ ပေါင်းစည်းညီညွတ်စေရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အားထုတ် ကြိုးပမ်းခဲ့ခြင်း ဖြစ် ကြောင်း မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် လယ်မူအန်ပူဂျာ ပွန်တီ (Lalmuanpuia Punte) က Hindustan Times ကို ပြောကြားခဲ့ပါတယ်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဦး ဆောင်မှုဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်မှာ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အ နေဖြင့် ချင်းပြည်အတွင်းရှိ ချင်းပြည်သူများအတွက် ကောင်စီ ၂ ရပ် ရှိ နေခြင်းကိုမဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည်နှင့်အညီ ကောင်စီအသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန်သဘောတူညီခဲ့ကြပြီး ထိုကောင်စီအမည်ကို ချင်းအမျိုးသားကောင်စီ(Chin National Council ) ဟု ခေါ်တွင်ရန်သဘောတူညီကြကြောင်း ၊ချင်းအမျိုးသားကောင်စီ(Chin National Council ) အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘောတူညီခဲ့ကြပြီလို့ ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပူးတွဲသတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ချင်းပြည်နယ်မှာ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ ကြောင့် ချင်းပြည်နယ်က ပြည်သူ ၇ သောင်းဝန်းကျင်ဟာ နယ်နမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှာထွက် ပြေးတိမ်း ရှောင်ခဲ့ရတယ်လို့ ချင်းစစ်ဘေးရှောင် တွေကိုကူညီ နေတဲ့အဖွဲ့အစည်းတွေဆီက သိရပါတယ်။
