Headlines

ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) အကြား တွေ့ဆုံညှိနှိုင်းမယ်

ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) အကြား လက်ရှိဖြစ်နေတဲ့ စစ်ရေးပဠိပက္ခတွေ ပြေလည်နိုင်ဖို့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ လာမည့် သြဂုတ်လ တတိယအပတ်ထဲ ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းမယ်လို့ ဩဂုတ်လ ၁၅ ရက်ကပြုလုပ်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး ကိုရောဘတ်က ပြောပါတယ်။

ချင်းညီနောင်အတွင်းရေးမှုုး ကိုရောဘတ်က “တွေ့ဆုံညှိနှိုင်းမှုအခြေအနေက ပထမအခေါက်ကို အွန်လိုင်းပလက်ဖောင်းကနေ တချို့စကားပြောတာရှိပါတယ်။လာမယ့်အပတ် ဒေလီမှာ Crisis Management Initiative (CMI) က ကမကထဦးဆောင်ပြီးတော့ Third Party အနေနဲ့ တွေ့ဆုံညှိနှိုင်းဖို့တွက် တွေ့ဆုံဖို့လည်းရှိတယ်။ နိုင်ငံရေးအရ အချင်းချင်းကြားတွေ့ဆုံဖို့ ကျတော််တို့အဲဒီအတွက်လည်း ပြင်ဆင်တယ်ပေါ့လေ။ နှစ်ဖက်ပြေလည်ချင်တယ် အချင်းချင်းလက်နက်ကိုင်စွဲပြီးတော့ ဖြေရှင်းတာမျိုး မလုပ်ဘဲနဲ့ နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ အချင်းချင်းအဖြေရှာတဲ့ မူဝါဒမျိုးရှိသလိုကျတော်တို့ကြိုးစားနေတယ်။ အဲဒီတွက်လည်း အစွမ်းကုန်ကြိုးစားမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

CMI ကဦးဆောင်ပြုလုပ်မယ့် နှစ်ဖက်တွေ့ဆုံညှိနှိုင်းပွဲမှာ ချင်းပြည်ကောင်စီ (CC) ဘက်ကလည်း တက်ရောက်မှာဖြစ်တဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး (CNF/A) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မီဒီယာတချိို့မှာ ဖြေကြားထားပါတယ်။

Crisis Management Initiative (CMI) အဖွဲ့အစည်းက ဖင်လန်နိုင်ငံ၊ ဟဲစီကီမြို့မှာ ၂၀၀၀ ခုနှစ် လောက်က တည်ထောင်ခဲ့သည့် အစိုးရမဟုတ်တဲ့ (NGO) အဖွဲ့အစည်းဖြစ်ပြီး ပဠိပက္ခဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းလို့လည်းသိရပါတယ်။

Crisis Management Initiative (CMI) က ကြားခံအဖွဲ့အဖြစ် ကမကထဦးဆောင်ပြီး ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) အကြား နို်င််ငံရေးအရပြေလည်နိုင်ရေး တွေ့ဆုံညှိနှိုင်းမှုကို သြဂုတ်လ တတိယအပတ်ထဲ ကျင်းပမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *