Headlines

ဟားခါး – ထန်တလန်ကြားက Keivangzuan တပ်စခန်းကို CDF – Hakha နဲ့ CNA က ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီတပ်သား ၁၀ ဦးသေ၊လက်နက်ခဲယမ်းများရရှိ

ချင်းပြည်နယ် ဟားခါးမြို့ နဲ့ ထန်တလန်လမ်းပေါ်မှာရှိတဲ့ Keivangzuan စစ်တပ်စခန်းကို CDF – Hakha နဲ့ CNA က ယနေ့ဩဂုတ်လ ၁၂ ရက်မနက် ၅ နာရီ ၅၅ မိနစ်တွင် စတင်တိုက်ခိုက်ကာ ၆ နာရီ ၄၀ မိနစ်တွင် စခန်းတစ်ခုလုံးကိုပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF – Hakha က ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိသလို စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့လည်း CDF – Hakha ကထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆင်ရေးကို Operation Run အမည်နဲ့ CDF – Hakha က CNA နဲ့ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲ ဖော်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo By CDF-Hakha

Leave a Reply

Your email address will not be published. Required fields are marked *