Headlines

မတူပီမြို့တွင်းကို စစ်ဘေးရှောင်ပြည်သူတွေ နည်းနည်းစီပြန်လည်ဝင်ရောက်လာနေပြီလို့ သိရ

ချင်းပြည်နယ် မတူပီမြို့တွင်းကို စစ်ဘေးရှောင်တွေ နည်းနည်းစီ ပြန်လည်ဝင်ရောက်လာပြီလို့ CDF – မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ Ko Boi UK က Chin World Media ကိုပြောပါတယ်။

CDF – မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ Ko Boi UK “ပြန်လာနေပါပြီ တစတစနဲ့ စစ်ဘေးေရှောင်တွေကို သူလမ်းကြောင်းနဲ့သူ အသုတ်လိုက် ဝင်ခွင့်ပြုပြီးသားဖြစ်တယ် အနီးအနားက စစ်ဘေးရှောင်တဲ့သူတွေက ပိုမြန်တယ်၊ ရပ်ဝေးက နည်းနည်းကြာမယ် အခု တစ တစ လာနေပါတယ်၊ မိုးတွင်းကာလလည်း ဖြစ်တော့ လမ်းခရီးအခြေနေတွေကြောင့်လည်း ပါတယ်””လို့ပြောပါတယ်။

မတူပီမြို့အတွင်း ပြည်သူတွေ နေထိုင်နိုင်ဖို့ လိုအပ်ချက်လုပ်ငန်းတွေ ဆောင်ရွက်ပြီးပြီ ဖြစ်လို့ ပြည်သူတွေ မကြာမီ ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တဲ့အကြောင်းဩဂုတ်လ ၈ ရက်နေ့က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

မတူပီမြို့အတွက် လိုအပ်တဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းတွေနဲ့ ရေရရှိရေးလုပ်ငန်းတွေကို မတူပီမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်ပြီးဖြစ်တယ်လို့လည်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမြေပြင် ရပ်/ကျေး တာဝန်ရှိသူတွေနဲ့ အချိန်လမ်းကြောင်းတွေ ပြောပြီးသားဖြစ်လို့ မတူပီမြို့ကို သတ်မှတ်ချိန်၊ သတ်မှတ်နေရာကနေ ဝင်လာလို့ ရတဲ့အကြောင်း သိရပါတယ်။

CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က မတူပီမြို့အတွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ဇွန်လ ၂၉ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *