Headlines

ချင်းပြည် ပလက်ဝမြို့နဲ့ရခိုင်ပြည်ကမြို့နယ်အချို့မှာ အာရက္ခတပ်တော်(ULA/AA) မှ ခရစ္စမတ်ပွဲကျင်းပပေးခဲ့

ဒီဇင်ဘာလ ၂၆ ရက်။

ချင်းပြည် ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်ကမြို့နယ်အချို့မှာ အာရက္ခတပ်တော် (ULA/AA )မှ မနေ့က ဒီဇင်ဘာလ ၂၅ ရက်မှာ ဒေသခံခရစ်ယာန်ဘာသာဝင်တွေနဲ့အတူခရစ္စမတ်ပွဲတော် ကျင်းပပေးခဲ့ကြောင်း ULA/AAနဲ့ Aarakan Princess Media ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။

ဒေသနေပြည်သူတွေရဲ့ လုံခြုံရေးလိုအပ်ချက်အရ ခရစ္စမတ်ပွဲတော်ကျင်းပခဲ့တဲ့ နေရာအတိအကျကို ULA/AA မှ ဖော်ပြခြင်း မပြုပေ။

AA က ခရစ္စမတ်လက်ဆောင်အဖြစ် နွားထီးသုံးကောင်ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက CDF-Paletwa ကို ပေးအပ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ ခရစ်ယာန်ဘာသာဝင်များ၊ အာရက္ခဒေသ နှင့် ပလက်ဝဒေသအတွင်းရှိ ခရစ်ယန်ဘာသာဝင်များအားလုံး “ခရစ္စမတ်အခါသမယတွင် ငြိမ်းအေးသာယာမှုရရှိကြစေပြီး စစ်မှန်သောလွတ်မြောက်မှုများနှင့်အတူ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝ ပြည့်စုံနိုင်ကြပါစေ” ကြောင်း ULA/AA က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *