![](https://chinworld.org/wp-content/uploads/2024/12/471133562_998650542297277_3569020204685144210_n-1024x576.jpg)
ဒီဇင်ဘာလ ၁၉ ရက်။
ခရစ်စ္စမတ်ပွဲတော်ကြီးမှာ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF)တွေ သုံးဆောင်ဖို့အတွက် ၎င်းရဲ့မဟာမိတ် အာရက္ခတပ်တော် (ULA/AA) အမှတ် (၃) တပ်မဟာ က နွား (၃) ကောင် ကိုခရစ်စ္စမတ်လက်ဆောင်အဖြစ်ပေးအပ်တဲ့ပေါ် အထူးကျေးဇူးတင်ရှိတယ်လို့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) က ဒီကနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်တဲ့ ခရစ်စ္စမတ်ပွဲတော်ကြီးမှာ မရာလူမျိုးလွတ်မြှောက်ရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ သုံးဆောင်နိုင်ဖို့ အိမ်နီးချင်းကောင်းပီသစွာနဲ့ အမြော်အမြင်ကြီးစွာ မဟာမိတ်ထက်ပိုတဲ့ စိတ်ရင်းမေတ္တာနဲ့ နွား၃ ကောင်အား လက်ဆောင်ပေးအပ်တဲ့အပေါ် (MTC/MDF) မှ ကျေးဇူးတင်ရှိတဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
![](https://chinworld.org/wp-content/uploads/2024/12/471125175_998650548963943_9186567860704152886_n-724x1024.jpg)
အာရက္ခတပ်တော်(AA) ဟာ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ စစ်ရေးအရ မဟာမိတ်ဖွဲ့ထားပြီး ချင်းညီနောင်ရဲ့ စစ်ဆင်ရေးတွေမှာလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။
၂၀၂၄ နှစ်စက AA သိမ်းပိုက်ခဲ့တဲ့ ချင်းပြည်နယ်ပလက်ဝမြို့သိမ်းတိုက်ပွဲတွေမှာလည်း MTC/MDF တပ်ဖွဲ့ပါဝင်ခဲ့သလို လက်ရှိမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလည်း ချင်းညီနောင်တပ်ဖွဲ့နဲ့အတူ အာရက္ခတပ်တော်(AA) က ပါဝင်တိုက်ခိုက်နေကြောင်းကိုလည်း သိရပါတယ်။