Headlines

ရခိုင်ပြည်နယ်ဘက်ကို စစ်ကူလာတဲ့ကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေကို အမ်း – ပဒါန်းလမ်းပေါ် ခွန်ဇူရွာလမ်းခွဲမှာ ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ထုတ်ပြန်

နိုဝင်ဘာလ ၂၅ ရက်။

ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အင်အားဖြည့်ဖို့ စစ်ကူလာတဲ့ စစ်ကားတွေကို ကားလမ်းမတစ်လျှောက် လုံခြုံရေးယူပေးဖို့ အမ်း – ပဒါန်းလမ်းပေါ် ခွန်ဇူရွာလမ်းခွဲကို လာရောက်တဲ့ စစ်ကောင်စီတပ်သား (၂၀) ကျော်ကို ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းခြောက်နာရီဝန်းကျင်မှာ ချုံခိုတိုက်ခိုက်ခဲ့ကာ အဆိုပါချုံခိုက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ များသလို စစ်ကောင်တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို အမ်အေ(၁) အမျိုုးအစား၊ သေနတ် (၁) လက်၊ ကျောပိုးအိတ် (၁)လုံး၊ တပ်မ (၈၈) တံဆိပ်စစ်အကျီနှင့် စစ်ဝတ်စုံတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)ကထုတ်ပြန်ထားပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို အနေနဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်း စိုးမိုးနိုင်ဖို့ လုံခြုံရေးဆောင်ရွက်နေစဉ် ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား (၂၀) ကျော်ဟာ မင်းဘူးမြို့ဘက်မှ ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အင်အားဖြည့် စစ်ကူလာရောက်တဲ့ စစ်ကားတွေကို ကားလမ်းမတစ်လျှောက်လုံခြုံရေးယူပေးဖို့ အမ်း – ပဒါန်းလမ်းပေါ် ခွန်ဇူရွာလမ်းခွဲကို လာရောက်စဉ် လက်ဦးမှုယူ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ချင်းကာကွယ်ရေးတပ် – အရှို ကထုတ်ပြန်ပါတယ်။

CDF -Asho တပ်ဖွဲ့ဟာ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ စစ်ရေးလှုပ်ရှားတဲ့ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *