Headlines

မင်းတပ်မြို့အနီးတစ်နေရာကို စစ်ကောင်စီက ဒီကနေ့မနက်အစောပိုင်းမှာ လေကြောင်းကနေတိုက်ခိုက်

နိုဝင်ဘာလ ၅ ရက်။

ချင်းပြည်နယ် မင်းတပ်မြို့အနီးတစ်နေရာကို ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက် တစ်နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာတွေလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းတပ်မြို့နေဒေသခံတစ်ဦးက “ ဒီနိုဝင်ဘာလမှာ ဒါပထမဆုံးကြိမ် လေကြောင်းကနေ တိုက်ခိုက်တာဖြစ်တယ်။ နေအိမ်ထိခိုက်ပျက်စီးတာမျိုးတော့မရှိဘူး။ မြို့ပြင် လူမရှိတဲ့နေရာကို ကြဲတာမျိုးဖြစ်တယ်” လို့ပြောပါတယ်။

ဒီနေ့မနက်ပိုင်းတစ်နာရီခွဲလောက်မှာ မြို့အနီးတစ်နေရာကို ဂျက်ဖိုက်တာကနေ ၂ ကြိမ် ဗုံး ၄ လုံးကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့သလို ပွိုင့်ဖိုက်စက်သေနတ်နဲ့လည်း ရမ်းသမ်းပစ်ခတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာကို စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်းကနေတိုက်ခိုက်တာ (၇၇) ကြိမ်လုပ်ခဲ့တယ်လို့လည်း CDF – Mindat က နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေးအခြေအနေတင်းမာနေတဲ့ မင်းတပ်မြို့ကို စစ်ကောင်စီက ဩဂုတ်လကနေ ယခုအချိန်အထိ မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေအပြင်အရပ်သားပြည်သူ နေအိမ်ပေါင်းများစွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *