နိုဝင်ဘာလ ၁ ရက်။
ချင်းပြည်နယ် မတူပီမြို့နယ် အောက်ချင်းတပ်ရင်းထိန်းချုပ်နယ်မြေမှာ ချင်းလဲန်းကာကွယ်ရေးတပ် – မတူပီ(CDF-Matupi) (တပ်မဟာ၁)က နယ်မြေခံတပ်ရင်းရဲ့ ခွင့်ပြုခြင်းမရှိဘဲ တပ်ချခြင်း၊ စစ်ကြောင်းထိုးခြင်းတွေ လုပ်တာ ကန့်ကွက်တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်၊မတူပီ တပ်မဟာ (၂)၊ အောက်ချင်းတပ်ရင်းက အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချင်းလဲန်းကာကွယ်ရေးတပ်၊ မတူပီ ဖွဲ့စည်းချိန်မှာ နယ်မြေခံတပ်ရင်း၏ ခွင့်ပြုချက်မရှိဘဲ အခြားတပ်ရင်းနယ်မြေမှာ တပ်ချခြင်းနဲ့ စစ်ကြောင်းထိုးခြင်း မပြုလုပ်ဖို့ သဘောတူခဲ့ကြပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုချိန်မှာ ချင်းလဲန်းကာကွယ်ရေးတပ် – မတူပီ (တပ်မဟာ၁)က ရခိုင့်တပ်တော် (AA) အင်အားကို အားကိုးပြီး အောက်ချင်းတပ်ရင်းထိန်းချုပ်နယ်မြေမှာ တပ်ချခြင်း၊ စစ်ကြောင်းထိုးခြင်း ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတွေမှာ နေရာယူခြင်း ပြည်သူတွေကို အတင်းအဓမ္မစည်းရုံးရေးပြုလုပ်ခြင်းနဲ့ ပြည်သူတွေသွားလာခြင်းကို ပိတ်ပင်တားဆီးတာမျိုး လုပ်တာတွေကို လုံးဝကန့်ကွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နယ်မြေခံတပ်ရင်းရဲ့ခွင့်ပြုချက်မရှိဘဲ ဒီလိုလုပ်ဆောင်တာတွေ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေရင် နောက်ဆက်တွဲ ပြဿနာတွေကို ချင်းလဲန်းကာကွယ်ရေးတပ် – မတူပီ (တပ်မဟာ၁) ကတာဝန်ယူ၊ တာဝန်ခံမှု အပြည့်ရှိမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မတူပီမြို့ကိုတော့ CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး ေနာက် CDF – Matupi တပ်မဟာ (၁) က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်ဖွဲ့စည်းထားပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီဖြစ်ကာ မတူပီမြို့ခံပြည်သူတချို့ကိုလည်း မတူပီမြို့မှာပြန်လည်အခြေချနေထိုင်ခွင့်ပြုထားပါတယ်။