ပွင့်လင်းမြင်သာမှုနဲ့ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်လို့ မီဇိုရမ်အစိုးရကို ကွန်ဂရက်ပါတီ စွပ်စွဲ
ဇွန်လ ၁၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က အတိုက်အခံ ကွန်ဂရက်ပါတီဟာ ဇွန်လ ၁၂ ရက် မှာ လက်ရှိအာဏာရ Zoram People’s Movement (ZPM) အစိုးရကို ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေး၊ တာဝန်ခံမှုရှိမှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်နေတယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။ အိုင်ဇောလ်မြို့ရှိ Congress Bhavan မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးတစ်ခုမှာ ပြည်နယ်ကွန်ဂရက်ပါတီ ဒုတိယဥက္ကဋ္ဌ Lalnunmawia Chuaungo က ZPM အစိုးရဟာ သန့်ရှင်းတဲ့ အုပ်ချုပ်ရေးစနစ်ကို အခြေခံပြီး အာဏာရလာခဲ့တာ ဖြစ်ပေမဲ့လည်း ယခင် မီဇိုအမျိုးသားတပ်ဦး (MNF) အစိုးရရဲ့ လုပ်ထုံးလုပ်နည်း အတော်များများကို ဆက်လက် ကျင့်သုံးနေတယ်လို့ စွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။ “ZPM…

