အရှေ့မြောက်ပြည်နယ်များရှိ ပြင်ပအကူအညီရစီမံကိန်းများ၏ ရံပုံငွေတိုးမြှင့်ပေးရန် မီဇိုရမ်ဝန်ကြီးချုပ် တောင်းဆို
ဇွန်လ ၂၀ ရက်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ပြည်နယ်တွေအတွက် သတ်မှတ်ထားတဲ့ ပြင်ပအကူအညီရစီမံကိန်းများ (EAPs) ရဲ့ ရံပုံငွေမျက်နှာကြက် (Funding Ceiling) ကို တိုးမြှင့်ပေးဖို့ မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma က ဇွန်လ ၁၉ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ် နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ္ဍာငွေတွေကို ပိုမိုရယူအသုံးပြုခွင့်ရရှိခြင်းဟာ တစ်ဒေသလုံးရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုစီးပွားဘဝ တိုးတက်မှုကို သိသိသာသာ အရှိန်အဟုန်မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ မီဇိုရမ်ပြည်နယ် Shillong မြို့မှာ ကျင်းပတဲ့ “အရှေ့မြောက်ပြည်နယ်များတွင် ပြင်ပအကူအညီရစီမံကိန်းများ (EAPs) ကို ထိရောက်စွာ အသုံးချခြင်း” ဆိုင်ရာ ဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က အခုလို တိုက်တွန်းခဲ့တာပါ။ ဒီအစီအစဉ်ကို…

