SCEF ကောင်စီကို အသိအမှတ်ပြုရန်နဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ လွှဲပြောင်းပေးရန် BRI တောင်းဆို
ဇွန်လ ၅ ရက်။ မြန်မာနိုင်ငံမှာ မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကို အမေရိကန်အစိုးရအနေနဲ့ တရားဝင်အသိအမှတ်ပြု ထိတွေ့ဆက်ဆံပေးဖို့နဲ့ ဖက်ဒရယ်ရီဆာ့ဗ်ဘဏ်မှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို အဆိုပါကောင်စီထံ လွှဲပြောင်းပေးဖို့ ဗဟိုပြုတောင်းဆိုထားတဲ့ အထူးထုတ်ပြန်ချက်တစ်ရပ်ကို Burma Research Institute (BRI) အဖွဲ့က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ဆီနိတ်အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆီနိတ်တာ မစ်ချ်မက်ကောနယ်က နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို ဖိအားပေးမေးမြန်းခဲ့ပြီးနောက်၊ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီလိုလားတဲ့ အာဘော်ကို လက်တွေ့ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနဲ့ သက်သေပြဖို့ BRI အဖွဲ့က ယခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ…

