
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားဖြစ်သူ ကိုထိန်လင်း လက်ခံ
မေလ ၂၆ ရက်။ ၂၀၂၅ ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ မှာ ကျင်းပခဲ့ကာ လူထုခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်တဲ့ Citizen of Burma (ပြည်သူ့ဂုဏ်ရည်) ဆုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရသူအဖြစ် ပြည်သူ့ဂုဏ်ရည် အသင်းက မတရား အကျဥ်းကျခံနေရတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ရန် ရွေးချယ် ခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတစ်လျှောက်လုံး မြန်မာနိုင်ငံ နဲ့ ပြည်သူများအပေါ် ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရား၊…