နောက်နောင် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ CNO/CNDF က သတိပေး
အောက်တိုဘာလ ၁၀ ရက်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ များနေပြီမို့လို့ နောက်နောင် တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ အောက်တိုဘာလ ၉ ရက်နေ့က ဖလမ်းမြို့နယ် အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ဘက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသိပေးထုတ်ပြန်ထားပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူက “CNO/CNDF က ပြည်သူကိုကာကွယ်စောင့်ရှောက်ဖို့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းဖြစ်သလို ဖလမ်းမြို့က မိဘပြည်သူအတွက် ထည့်သွင်းစဉ်းစားလွန်းလို့ ပြည်သူတွေရဲ့ အိုးအိမ်ထိခိုက်ပျက်စီးမှာတွေ ထည့်သွင်းစဉ်းစားလွန်းလို့ ဒီကနေ့ချိန်ထိ စစ်ရေးအရ လှုပ်ရှားမှုတွေ အရမ်းကြီးမရှိခဲ့ဘူး ဒီလိုစိတ်ရှည်စွာ မိဘပြည်သူအတွက် ထည့်သွင်းစဉ်းစားပြီးနေတဲ့အချိန် ၂၆၈ ကစစ်ကောင်စီတပ်ဖွဲ့က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ သေဆုံးတာ ဒီကနေ့မှာ များစွာရှိသွားပြီဆိုတာ မြင်တွေ့ရပြီဖြစ်လို့ ဒီကနေ့အချိန်ကနေ စလို့ CNO/CNDF…

