မြို့တွင်းတိုက်ပွဲများအပြီး တီးတိန်မြို့မှာဖောက်ထွင်း ခိုးယူမှု ပိုမိုများပြားလာရခြင်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူများလာခြင်းကြောင့်လို့ဆို
မေလ ၂၆ ရက်နေ့မှစတင်ကာဖြစ်ပွါးခဲ့တဲ့ တီးတိန်မြို့တွင်း တိုက်ပွဲ အပြီးတွင် ဖောက်ထွင်းခိုးယူမှု ပိုမိုများပြားလာရတဲ့ အကြောင်းရင်းမှာ တီးတိန်မြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ဦးရေ မြှင့်တက် လာမှုကြောင့် ဖြစ်တယ် လို့ ဒေသခံ လူငယ် ခေါင်းဆောင် တစ်ဦးက Chin World Media ကို ပြောပြပါတယ်။ “အာဏာသိမ်းပြီး နောက်ပိုင်း မြို့တွင်းမှာက လုံခြုံရေး လျော့ရဲ လာတယ်။ ရပ်ကွက် အလိုက် စုစည်းတဲ့ လုံခြုံရေး အဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကပဲ ပြည်သူ့ လုံခြုံရေး အပိုင်းကို ညှိနှိုင်းပြီး တာဝန်ယူရတယ်။ မြို့တွင်း တိုက်ပွဲ မဖြစ်ခင်ကတည်းက ဖမ်းမိတဲ့ သူခိုး အများစုက ဆေးသမား တွေ ဖြစ်တယ်။ စားဖို့ မရှိလို့၊…

