အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်းအရပ်သားသေဆုံးသူ ၁၂၀၀၀ ကျော်ရှိလာ
အောက်တိုဘာလ ၅ ရက်။ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)နဲ့စစ်ကောင်စီရဲ့၂ ဘက် ထုတ်ပြန်ချက်တွေထဲက အရပ်သားသေဆုံးမှုအရေအတွက်ကိုပေါင်းလိုက်ရင် အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း အရပ်သား သေဆုံးသူ စုစုပေါင်း ၁၂၀၀၀ ကျော်ရှိလာကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅၇၅၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ် သတင်းစာတွေထဲမှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၄ စက်တင်ဘာလ ၅ ရက်နေ့ အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေကြောင့် သေဆုံးသူ ၆၆၆၇ ဦးရှိခဲ့ကာ ၊ သေဆုံးသူထဲမှာ ဒလန်လို့စွတ်စွဲအသတ်ခံရသူအရေအတွက်အများဆုံးဖြစ်တယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ…

