ချင်းလူထုအသိုင်းအဝိုင်းကြား စာပေဟောပြောပွဲ ပြုလုပ်သင့်ပြီ
ဒေါက်တာဆလိုင်းခင်မောင်သိန်း(ပညာရေး) လူမျိုးအသီးသီး၊ ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာနှင့်စာပေရှိကြ၏။ စာနှင့်စာပေ မရှိသော လူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင် မရှိတော့ချေ။ စာရေးဆရာများက စာပေဟောပြောပွဲ လုပ်ကြတယ်ဆိုတာ ကျနော်တို့ပြည်သူတွေ အသိပညာရဖို့အတွက်တတ်နိုင်သမျှ မှတ်မိခဲ့ရာ အခြေအနေလေးတွေကို လာရောက်ပြီး ရှင်းပြတဲ့သဘောပါပဲ၊ အဲဒီမှာ အမျိုး ဘာသာ သာသနာ ထိခိုက်မယ့်ကိစ္စ လူမျိုးရေးကိစ္စတွေ မပါပါဘူး၊ စာပေဟောပြောပွဲမှာ ဗဟုသုတတွေ ပါဝင်တတ်သလို့ အသိညဏ်တွေ၊ စိတ်ခွန်အားတွေ ပေးစွမ်း နိုင်တဲ့အတွက် ဗီတာမင် အားဆေးတစ်ခွက်လို့ပဲတင်စားချင်ပါတယ်။ လူမှှုကိစ္စအ၀၀ ပြဿနာအ၀၀ကိုလည်း ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ကောင်းမွန်တဲ့ အကြံညဏ်တွေပေးနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ပျင်းရိနေတဲ့ အခါမှာ အတူတူရှိပေးနိုင်မယ့် အဖော်မွန်ကောင်းတစ်ယောက်ပါ။ ဝမ်းနည်းနေတဲ့ အချိန်မှာ စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ပါ။ လဲကျနေချိန်မှာ ဆွဲထူပေးနိုင်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။…

