ထန်တလန်မြို့နယ်မှာ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနဲ့ ၁၂ နှစ် အရွယ်သမီးကို ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့တယ်လို့ သိရ
ဇန်နဝါရီလ ၂၃ ရက်။ ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ် ၊ Khuhcah khua (ကုချ)ကျေးရွာမှာ မနေ့ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနဲ့ ၁၂ နှစ်ရွယ် သမီးကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့တယ်လို့ ထန်တလန် ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ Pu Ceu Hnin Thang က ဇနီးဖြစ်သူ Pi Ni Cer Hnem အသက် ၃၄ နှစ်နဲ့ သမီးဖြစ်သူ Nu Iang Par အသက် ၁၂ နှစ်အရွယ်ရှိ သမီးဖြစ်သူတွေကို မနေ့ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ…

