Headlines

3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Salai John Hmuak နဲ့ Augustine Van တို့ အနိုင်ရ

အောက်တိုဘာလ ၄ ရက်။

အောက်တိုဘာလ ၄ ရက်မှာ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ ကျင်းပတဲ့ 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ MMA ကစားသမားများဖြစ်တဲ့ Salai John Hmuak နဲ့ Augustine Van တို့ဟာ ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့ပါတယ်။

ဖလမ်းမြို့နယ်ဇာတိSalai John Hmuak က 3MA 11 ရဲ့ Main Card ပွဲစဉ်၁ပွဲဖြစ်တဲ့ ၅၇ ကီလိုတန်းမှာ Min Myat Thu နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။

ကလေးမြို့နယ်ဇာတိ Augustine Van ကလည်း ၅၅ ကီလိုတန်းမှာ Wanna Kyaw နဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ MMA ပွဲများကိုယှဥ်ပြိုင်အနိုင်ရခဲ့ဖူးသူဖြစ်တဲ့ Salai John Hmuak အတွက်တော့ ဒီပွဲဟာ မြန်မာနိုင်ငံအတွင်း ယှဉ်ပြိုင်တဲ့ ပထမဆုံး MMA ပြိုင်ပွဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *