
ဩဂုတ်လ ၂၆ ရက်။
ချင်းပြည်နယ်တောင်ပိုင်းက Maraland Defence Force (MDF) ရဲ့ စစ်သင်တန်းကျောင်းတစ်ခုကို မနေ့သြဂုတ်လ ၂၅ ရက်နေ့ညက စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၄ ဦးသေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ The Maraland Time က ဖော်ပြထားပါတယ်။
မနေ့ည ၁၁ နာရီလောက်မှာ MDF စစ်သင်တန်းကျောင်းတစ်ခုကို စစ်ကော်မရှင်တပ်ဖွဲ့ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သင်တန်းသား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မရာဒေသခံတစ်ဦးက “ညက စစ်သင်တန်းစခန်းကို လေကြောင်းကနေ ဗုံးကြဲလို့ သင်တန်းသား ၄ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ပြောတယ် ဒဏ်ရာရသူတွေကိုလည်းအိုက်ဇောလ် ဘက်ကို ပို့ပြီး ဆေးကုသနိုင်အောင် စီစဉ်နေတယ်လို့တော့ ကျနော်လည်း အဲလို သတင်းတွေဘဲတွေ့တာပါ” လို့ပြောပါတယ်။
အဆိုပါ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပက်သက်ပြီး Maraland Defence Force (MDF) အဖွဲ့တာဝန်ရှိသူတွေကို Chin World Media အနေဖြင့် ဆက်သွယ်ထားပေမယ့် လက်ခံဖြေကြားတာမျိုးမရှိသေးပါဘူး။

