Headlines

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့နေအိမ်တချို့ပျက်စီး

ဇွန်လ ၂၉ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ (Malsawm Khua ) မာလ်ဆောမ်ကျေးရွာက ဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့မှ မနေ့ ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဟားခါးမြို့ကနေ မိုင် ၄၀ ဝန်းကျင်လောက်ကွာဝေးမှာရှိတဲ့ မာလ်ဆောမ်ကျေးရွာက ဆေးရုံကို စစ်ကောင်စီက မနေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံကို ထိခိုက်မိတာမျိုးတော့ မရှိခဲ့ပေမယ့် ဆေးရုံအနီးအနားက လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ထိုခိုက်မှုမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကလည်း ဟားခါးမြို့နယ်ထဲက CDF – Hakha တပ်စခန်း ၂ ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDF – Hakha တပ်သားတချို့ ထိခိုက် ကျဆုံးခဲ့မှုတွေ ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *