Headlines

မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ၂ လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄၄၀ ကြိမ်ပြုလုပ်ခဲ့

ဇွန်လ ၂၃ ရက်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ကို ဧပြီလ ၁၁ ရက်နေ့ကနေ ဇွန်လ ၂၂ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၄၄၀ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO) ရဲ့ ဇွန်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။

CHRO ရဲ့မှတ်တမ်းတွေအရ ဧပြီလ ၁၁ ရက်နေ့ကနေ ဇွန်လ ၂၂ ရက်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄၀ ကြိမ်နဲ့ တစ်ရက်တည်း ဗုံးကြဲတိုက်ခိုက်မှု ၉၁ ကြိမ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ အားလုံးရဲ့ ၄၅ ရာခိုင်နှုန်း ၄၅ ရာခိုင်နှုန်းဟာ ၄ ရက်အတွင်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းတိုက်မှုတွေကို မင်းတပ်မြို့နယ်နဲ့ အနီးဝန်းကျင်က အရပ်သားအဆောက်အအုံတွေပေါ်Y – 12 လယာဉ်တွေနဲ့ လမ်းညွှန်မဲ့ဗုံးတွေဖြင့် ကြဲချခဲ့တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အရပ်သားဒေသခံအများစု အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ကောာင်စီတွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တိကျတဲ့ တိုက်ခိုက်မှုတွေမဟုတ်ဘဲ မြို့တွေ ရွာတွေ အိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ အခြားအရပ်ဘက်အဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မင်းတပ်မြို့နယ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကို အစောဆုံး ဆန့်ကျင်ခဲ့တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပြီး ဒေသခုခံကာကွယ်မှုတွင်လည်း စစ်တပ်အပေါ် အရှက်ရစေတဲ့ ပထမဆုံးနေရာတွေထဲက တစ်ခုဖြစ်တာတွေကြောင့် စစ်ကောင်စီဘက်က အလွန်အမင်း အင်အားသုံး တိုက်ခိုက်တာလို့ ဆိုပါတယ်။

လူသူကင်းမဲ့တဲ့ ဒေသက အရပ်သားအဆောက်အအုံတွေကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေခြင်းဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့တဲ့ လူထုပေါ် အစုလိုက် စုပေါင်းအပြစ်ပေးခြင်းနဲ့ လက်စားချေမှုဖြစ်တာကြောင့် စိုးရိမ်ဖွယ်ရှိနေတယ်လို့လည်း CHRO က ဆိုပါတယ်။

ဇွန်လ ၂၁ ရက် ညကလည်း မင်းတပ်မြို့နယ်အစပ် ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျောက်တောင်ရွာအနီးက တောင်ယာတဲတွင် နေထိုင်နေတဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁ ဦးနဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *