Headlines

မလေးရှားနိုင်ငံမှာ ဒီကနေ့မှာ ချင်းလူငယ်တစ်ဦး အလုပ်ကနေ အိမ်အပြန် ကားတိုက်ခံရလို့ ကွယ်လွန်

ဧပြီလ ၂၁ ရက်။

မလေးရှားနိင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ၂၇ နှစ်အရွယ် မရာ(ချင်း)လူငယ်တစ်ဦးဟာ ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ အလုပ်ကအပြန် လမ်းဖြတ်ကူးနေချိန် ယာဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်သွားတယ်လို့ Mara Refugee Committee Malaysia ဖော်ပြချက်အရ သိရပါတယ်။

မလေးရှားနိုင်ငံ ၊ ဆလန်ဂေါပြည်နယ်၊ ကပုန်းမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းလူငယ်တစ်ဦးဟာ ဒီကနေ့ မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်မှာ အိမ်အပြန် လမ်းဖြတ်ကူးနေစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး Selayang ဆေးရုံကို ပို့ဆောင်ဆေးကုသခဲ့ပေမယ့် ဆေးကုသမှုခံယူနေစဉ်မှာပဲ ကွယ်လွန်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားသူရဲ့ ရုပ်အလောင်းကို လက်ရှိ ဆေးရုံမှာ ထားရှိထားပြီး မနက်ဖြန် ဧပြီလ ၂၂ ရက်နေ့မှာ Sungai Buloh သချိုင်းမှာ သဂြိုလ်ဖို့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားသူဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာနယ်ဒေသ အာရူကျေးရွာဇာတိက အသက် ၂၇ နှစ်အရွယ်ရှိ ကို Puhpa Pawhpaw (Khualian)ဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *