Headlines

အာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်မှ သမ္မတဦးဝင်းမြင့်အား လွတ်ငြိမ်းချမ်းသာခွင့်ပြု၊အကျဥ်းသား/သူ (၄,၃၃၅)ဦးကို ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြု


ဧပြီလ ၁၇ ရက်။


၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်မှ သမ္မတဦးဝင်းမြင့်အား လက်ရှိကျခံနေရသော ပြစ်ဒဏ်များအားလုံးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မိသားစုထံ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရပါတယ်။


ဦးဝင်းမြင့် အနေဖြင့် စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှစပြီး အဂတိအမှု(၄)မှုအပြင် ပုဒ်မ ၁၃၀-က တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၉)နှစ်နှင့် (၆)လ ကျခံခဲ့ရသူဖြစ်ပြီး ယခုအခါ ကျန်ရှိနေသော ပြစ်ဒဏ်များကို လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။


ယ​နေ့ မြန်မာနှစ်ဆန်းတစ်ရက်​နေ့(ဧပြီ ၁၇) ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဥ်းသား/သူ (၄,၃၃၅)ဦးကို ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကာ၊၎င်းတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒ-ဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသောစည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။


အလားတူ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်(၃၉) အရ ‌ေ-သဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် နှင့် ထောင်ဒဏ်တစ်သက်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ ကျခံစေရန် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်​ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *