Headlines

ဦးမင်းအောင်လှိုင်အား နိုင်ငံ‌တော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အတွက် ဂုဏ်ပြုကြောင်း ဇိုမီးအမျိုးသားပါတီ(ZNP)သဝဏ်လွှာပေးပို့

ဧပြီလ ၃ ရက်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏နိုင်ငံ‌တော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အတွက် ဂုဏ်ပြုကြောင်း ၂၀၂၅ ရွေး ကောက်ပွဲမှာ ချင်းပြည်နယ်မှာ အမျိုးသားနဲ့ပြည်န​ယ်လွှတ်တော် နေရာ ၇ နေရာ အနိုင်ရရှိခဲ့တဲ့ ဇိုမီးအမျိုးသားပါတီ(ZNP)က သဝဏ်လွှာပေးပို့ကြောင်း ဒီနေ့ ဧပြီလ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

လူကြီးမင်းအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဆယ့်တစ်ဦးမြောက်နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက် ကျွန်ုပ်တို့ ဇိုမီးအမျိုးသားပါတီ နှင့် ဇိုမီးတိုင်းရင်းသားများအားလုံးက အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ဦးစွာပထမ ဖော်ပြအပ်ပါသည်။လို့ ဇိုမီးအမျိုးသားပါတီကထုတ်ပြန်ပါတယ်။

လူကြီးမင်း၏ ဦးဆောင်မှုအောက်တွင် ကျွန်ုပ်တို့နိုင်ငံတော်ကြီးသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မျှော်လင့် တောင့်တနေသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့တွင် ကြီးမားသော အောင်မြင်မှုများ ရရှိမည်ဟု ကျွန်ုပ်တို့ အပြည့်အဝ ယုံကြည်ပါကြောင်း၊ ကျွန်ုပ်တို့ ဇိုမီးအမျိုးသားပါတီ အနေဖြင့်လည်း နိုင်ငံတော်ပြန်လည်ထူထောင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုသားအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် လူကြီးမင်း၏ အစိုးရအဖွဲ့နှင့်အတူ လက်တွဲ၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။လို့ ဇိုမီး အမျိုးသား ပါတီ(ZNP)ကထုတ်ပြန်ပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အမျိုးသားလွှတ်တော်နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ (၅) ဦးနှင့် ဇိုမီးအမျိုးသားပါတီ (ZNP) မှ (၃) ဦး၊ ချင်းပြည်နယ်လွှတ်တော် နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ (၆) ဦး၊ ဇိုမီးအမျိုးသားပါတီ (ZNP) မှ (၄) ဦး၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) မှ (၁) ဦး၊ ပြည်သူ့လွှတ်တော်နေရာအတွက် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဟားခါးမြို့ နှင့် တီးတိန်မြို့ ၂ နေရာလုံးအတွက် အနိုင်ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *