Headlines

ကလေးမြို့ပေါ်မှာ စက်သုံးဆီဈေးနှုန်းတွေ ဈေးတက်ကာ အလုအယက်ဝယ်ယူနေ

မတ်လ ၄ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ ဈေးတက်နေတယ်လို့ ကလေးမြို့နေ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ကလေးမြို့နေ ဒေသခံတစ်ဦးက “ဆိုင်​တွေမတူညီကြဘူး အရပ်ထဲက အရင်က​လှောင် ထားတဲ့သူ​တွေက​တော့ ​​စျေးကစား ​နေကြတယ်လို့ သိရတယ် လက်ရှိဆီဈေးတွေက တက်ရုံတင်မကဘူး အဆမတန်သို​လှောင်မူ့က အန္တရာယ်စိုးရိမ်အမှတ်ရောက်နေတယ်” လို့ပြောပါတယ်။

ကလေးမြို့ အရင် (BOC) မြမြတ်တ္တာမွန်ဆိုင် မှာ ဒေသခံ အမြောက်အများ လောင်စာဆီ ဓာတ်ဆီရရှိဖို့ တန်းစီကာ အလုယက်ဝယ်ယူနေကြပြီး စက်သုံးဆီ တဂါလံကို ၂၉၀၀၀ အထိ ဈေးပေါက်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

” တချို့ဆီဆိုင်တွေဆိုရင် ၂၉၀၀၀ မကဘူး ၊ ၅ ထောင် ၊ ၁ သောင်း လောက်ပိုတယ် ၊ တချို့ဆိုင်တွေဆို ပုံးတွေနဲ့ မရောင်းတော့ဘူး၊ တချို့ကလည်း ဆီရှိရဲ့သားနဲ့ ကုန်ပြီဆိုတဲ့ ပုံစံလုပ်ပြီးမှ လက်ရှိပေါက်ဈေးထက် အဆများကြီး တင်ပြီးမှ တော်ကြာမှ ပြန်ရောင်းတာတွေရှိတယ်”လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

အီရန် – အမေရိကန် စစ်ပွဲကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ယခုရက်ပိုင်းမှာ လူထုက စိုးရိမ်မှုမြင့်တက်ပြီး စက်သုံးဆီကို အလုအယက် တန်းစီဝယ်ယူမှုတွေကို ရန်ကုန်အပါအဝင်တခြားမြို့ကြီးတွေမှာလည်း မြင်တွေ့လာနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *