
ဖေဖော်ဝါရီလ ၄ ရက်။
အာဏာသိမ်းစစ်ကော်မရှင်(စစ်ကောင်စီ)ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ လူတစ်ဦးတစ်ယောက်ရဲ့အိမ်ကို သက်သေမပါဘဲ ဖမ်းဆီးခွင့်ရှိတဲ့အခြေအနေကနေ သက်သေအနည်းဆုံး ၂ ဦးပါမှ ဖမ်းဆီးခွင့်ရှိမယ်ဆိုတဲ့အချက်ကို နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကာကွယ်ပေးရေးဥပဒေမှာ ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။
နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကာကွယ်ပေးရေးဥပဒေပါ ပုဒ်မ ၅ရဲ့ ပုဒ်မခွဲ(ခ)နဲ့၊ ပုဒ်မ ၈ မှာပါတဲ့ခြေဆင်း ပြဋ္ဌာန်းချက်တွေကို အစားထိုး ပြင်ဆင်လိုက်တဲ့အကြောင်း စစ်ကော််မရှင်က မနေ့ဇန်နဝါရီ ၃ ရက်ညပိုင်းမှာ ကြေညာလာတာဖြစ်ပါတယ်။
ပြင်ဆင်လိုက်တဲ့ ပုဒ်မ ၅ ၊ ပုဒ်ခွဲ (ခ)မှာ နိုင်ငံသားတစ်ယောက်ရဲ့ နေအိမ်၊ ပရဝဏ်တွေထဲ ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးမယ်ဆိုရင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာက အုပ်ချုပ်ရေးမှုး၊ရာအိမ်မှုး စတဲ့ တာဝန်ခံသက်သေတွေ ပါဝင်ရမယ်တို့ ဖြစ်ပါတယ်။
ပြင်ဆင်တဲ့ နှစ်ချက်စလုံးမှာ “ဖမ်းဆီးမယ်ဆိုရင် နိုင်ငံကာကွယ်ရေး၊ လုံခြုံရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးအတွက် လိုအပ်ချက်အလို့ငှာ ဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူမှအပ” ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

