Headlines

မိုးများတာကြောင့် ထန်တလန်-နှာရိန်လမ်း ပျက်စီး

စက်တင်ဘာလ ၁၆ ရက်။

မိုးဆက်တိုက်ရွာသွန်းလို့ ချင်းပြည်နယ် ထန်တလန်မြို့နှင့် ဇိုဖေရမ်းဒေသကြားရှိ (ယခင် ထန်တလန်-နှာရိန်လမ်း) လမ်းမကြီးဟာ ပျက်စီးခဲ့တယ်လို့ Chinland Council ကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်(Chinland) အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီကနေ့ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပျက်စီးနေတဲ့လမ်းကို ချင်းပြည်(Chinland) အစိုးရ၊ ဒေသန္တရအစိုးရ နှင့် အနီးနားရှိကျေးရွာလူထုတို့ ပူးပေါင်းပြီး ပြည်သူများအတွက် အမြန်ဆုံးအဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ထန်တလန်မြို့နှင့် ဇိုဖေရမ်းဒေသကြားရှိ လမ်းမကြီးသည် ထန်တလန်မြို့မှ ယခင်အစိုးရက ကတ္တရာလမ်း မိုင်( ၂၀) ခန့် ခင်းပေးပြီးဖြစ်သော်လည်း ချင်းတောင်ရဲ့ မိုးများမှုကြောင့် ယခုကဲ့သို့ ပျက်စီးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် လမ်းအသုံးပြုနေသော မိဘပြည်သူများနှင့် ကုန်တင်ကားသမားများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီပေး ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။လို့သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *