Headlines

GZA စစ်ဦးစီးချုပ်နှင့် YDF ရဲဘော်တွေကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ် အမှုမှန် ပေါ်ပေါက်ရေး ချင်းညီနောင်အဖွဲ့ပူးပေါင်းပါဝင်မယ်လို့ထုတ်ပြန်

ဇူလိုင်လ ၁၈ ရက်။

Generation Z Army (GZA) စစ်ဦးစီးချုပ်နှင့် Yaw Defense Force (YDF) ရဲဘော်တွေကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေးအတွက် အိမ်နီးချင်းမဟာမိတ်တွေဖြစ်တဲ့ GZA ၊ YDF နှင့်အတူပေါင်းဆောင်ရွက်မယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်(CB) အဖွဲ့က မနေ့ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ Generation Z Army စစ်ဦးစီးချုပ်အပါအဝင် တာဝန်ဖြင့် ခရီးသွားနေတဲ့ ဗဟိုရုံးအဖွဲ့ဝင်တစ်ဦး၊ ဆေးသူနာပြု ရဲမေ ၂ ဦး နှင့် Yaw Defense Force ရဲဘော်နှစ်ဦးတို့သည် ဂန့်ဂေါခရိုင်အတွင်း တစ်နေရာမှာ လုပ်ကြံပစ်ခတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီလုပ်ကြံပစ်ခတ်မှုကြောင့် GZA ဗဟိုရုံးအဖွဲ့ဝင်တစ်ဦး ဦးခေါင်း၊ ရင်ဘတ်၊လက်၊ ပေါင်တို့မှာ ပြင်းထန်ဒဏ်ရာ အသီးသီးရခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသလို ၊ GZA တပ်ရင်းမှူးလည်း ပေါင်တွင်ကျည်ဆံထိမှန်ပြီး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘုံရန်သူ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်ရမယ့်အချိန်မှာ အခုလို တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ စစ်ဦးစီးချုပ်အဆင့်နှင့် ခေါင်းဆောင်ပိုင်းတွေကို ပစ်ခတ်လုပ်ကြံမှုဟာ တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေပြီး ဒီလုပ်ကြံမှုမှာ ပါဝင်ပက်သက်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ချင်းညီနောင်အဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *