
မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်နေတဲ့ ဒေသမှာ အမေရိကန်နိုင်ငံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ ခရစ်ယာန် (Samaritan Purse )အဖွဲ့ ကိုစေလွှတ်ပြီး ခွဲစိတ်ခန်း ၂ ခန်းပါ ယာယီဆေးရုံ ၁ ခုတည်ဆောက်ပေးမှာဖြစ်တယ်လို့ နာမည်ကျော် ခရစ်ယာန်တရားဟောဆရာကြီး ဘီလီဂရေဟန်သား၊ တရားဟောဆရာ ဖရန်ကလင်း ဂရေဟန်က မတ်လ ၃၁ ရက်နေ့မှာ သူ့ရဲ့ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။
လက်ရှိ ငလျင်သင့်ဒေသမှာ ယာယီ ဆေးရုံ ၁ ခု တည်ဆောက်ပြီး ခွဲစိတ်ခန်း ၂ ခန်း၊ အရေးပေါ်အခန်း၊ လူနာထားခန်းများ၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်းတခု ပါဝင်မှာဖြစ်ပြီး အမေရိကန်နိုင်ငံက ဆရာဝန်များ၊ သူနာပြုများ၊ ကယ်ဆယ်ရေးအဖွဲ့၊ သောက်ရေဆိုင် ရာကျွမ်းကျင်ပညာရှင်၊ ကယ်ဆယ်ရေး အဖွဲ့ သားများအပါဝင် စုစုပေါင်း လူ ၈၀-၁၃၀ ဝန်းကျင်အထိ ပါဝင်တဲ့ Samaritan Purse အဖွဲ့ကို မြန်မာပြည်ကို (အခမဲ့) ကူညီရန် ထွက်ခွာသွားပြီလို့ မနေ့က သူ့ရဲ့လူမူကွန်ယက် ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။
ဆေးရုံးသုံပစ္စည်းတွေ၊ အရေးပေါ် အသုံးဆောင်တွေကို ထောက်ပံ့ကူညီဖို့ လေယာဉ်တွေနဲ့ ပို့ပေးဦးမှာဖြစ်တယ်လို့လည်းလည်း ဖရန်ကလင်း ဂရေဟန်က ပြောဆိုထားပါတယ်။
တရားဟောဆရာ ဖရန်ကလင်းဂရေဟန်ဦး ေဆာင်တဲ့ ခရစ်ယာန် (Samaritan Purse) အဖွဲ့ဟာ မြန်မာပြည်သူတွေနဲ့အတူ နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့ဘူးတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ခရစ်ယာန် (Samaritan Purse )အဖွဲ့ဟာ ငလျင်ဒဏ်သင့်တဲ့ မည်သူကိုမဆို ဘာသာ၊ အသားအရောင် ပါတီမရွေးဘဲ ဒုက္ခရောက်နေတဲ့ သူတိုင်းကို ကူညီမှာဖြစ်ပါတယ်။