Headlines

ဟားခါးမြို့မှာ စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားပြင်ဆင်မှုကြည့်ရူ့စစ်ဆေး

ဖေဖော်ဝါရီလ ၁၄ ရက်။

ချင်းပြည်နယ်၊ဟားခါးမြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ယမန်နေ့ ဖေ ဖော်ဝါရီလ ၁၃ ရက် နေ့ နံနက် (၉) နာရီခွဲက စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားတွေမှာ စစ်ကောင်စီခေါင်း ဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တကြိမ်မှာ လာရောက်တက် ရောက်ခဲ့ခြင်းမရှိသေးကြောင်း သိရပါတယ်။ ယခုနှစ် ၂၀၂၅ ဖေ ဖော်ဝါရီ ၂၀ ရက် ဟားခါးမြို့မှာ ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်စား တခြားစစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တချို့သာ လာ ရောက်ဖွယ်ရှိ ကြောင်း ဟားခါးမြို့ ဒေသခံ၁ဦးဆီကသိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေးရာတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း ၊ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေးနှင့် စစ်ဗျူဟာအခြေချ (ဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းတို့လိုက်ပါကာ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ခင်းကျင်း ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး ဌာနဆိုင်ရာများအနေဖြင့် ပြခန်းများ ခင်းကျင်းပြသရာတွင် မိမိတို့ဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မိမိတို့ဌာနနှင့်ပတ်သက်၍ ပြည်သူလူထုများ သိရှိထား သင့်သည့်မူဝါဒ၊ လုပ်ငန်းစဉ်များကို ထိထိမိမိ ဖော်ပြထားသင့်ကြောင်း အကြံပြုမှာကြားခဲ့ကြောင်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *